သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-03
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက သင်တော၊ မြင်သာ၊ ရွှေဘိုနဲ့ ကုန်းရွာတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ခဲ့တာကြောင့် ၃ ရက်အတွင်း ရွာသား ၁၀ ဦး သေဆုံးပြီး လူနေအိမ် ၂၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။
2022-03-03
ရေဦးမြို့နယ် အုတ်ဖိုရွာကို စစ်တပ်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဝင်ရောက်လာပြီး မတ်လ ၁ ရက်နေ့ ပြန်ထွက်သွားချိန်မှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦးတို့ရဲ့ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-03
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရွှေကျင်ရွာကို မတ်လ ၂ ရက် မနေ့က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၃၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-03
မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ဝေဒနာရှင်တွေ ကို စောင့်ရှောက်ပေးနေတဲ့ ကိုရာဇာကို မတ်လ ၂ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးသွားပါတယ်။
2022-03-03
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဟောင်း ဦးမင်းအောင်တို့ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ စွဲချက်တင်ခံလိုက်ရပါတယ်။
2022-03-03
အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နေအိမ်တစ်လုံးကို မတ်လ ၂ ရက် မနေ့က ဝင်ရောက်ပိတ်ဆို့ဖမ်းဆီးမှုအပေါ် ဓာတ်ပုံရိုက်နေတဲ့ အရပ်သားတစ်ဦး ပစ်ခတ်ခံခဲ့ရတဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-02
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖြစ် တချိန်က တာဝန်ယူခဲ့ပြီး အခု တော်လှန်ရေးနယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ အဆိုတော်လင်းလင်း ကဘဝတူ အနုပညာရှင်တွေ အခုလို လွတ်မြောက်လာတဲ့အတွက် သူဝမ်းသာပါတယ်။ ဒါပေမယ့် မတရားဖမ်းဆီးထားတဲ့ သူအားလုံးကို လွှတ်ပေးရမှာဖြစ်တယ်လို့ မနေ့ကညနေပိုင်းမှာ RFA ကိုပြောကြားထားပါတယ်။
2022-03-02
နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဟာ ယူကရိန်းနိုင်ငံအရေးကို ပိုပြီး အာရုံစိုက်လာကြတာနဲ့အမျှ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးအပေါ် အာရုံစူးစိုက်မှု အားလျှော့သွားမလားဆိုတာ စိုးရိမ်ပူပန်မှုအချို့ ရှိနေပါတယ်။
2022-03-02
မတ်လ ၁ ရက်နေ့မှာ ရနောင်းခရိုင်၊ ဘန်ရင်းမြို့နယ်က တည်းခိုခန်းတစ်ခုမှာ မြန်မာရွှေ့ပြာင်းအလုပ်သမား ၄၅ ဦးကို တရားမဝင်ဝင်ရောက်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူတို့တွေထဲက ၉ ဦးမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
2022-03-02
အခုလ ၂ဝရက်နေ့ကနေ ၂၃ရက်နေ့အထိ လာရောက်လည်ပတ်ဖို့ စီစဉ်ထားတဲ့အကြောင်း VNA ဗီယက်နမ်သတင်းမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။
2022-03-02
ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းနဲ့ ၁၁၇ လမ်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းက ယာဉ်စည်းကမ်း စစ်ဆေးရေးဂိတ်မှာ လက်ပစ်ဗုံးနဲ့ အပစ်ခံရလို့ ရဲတပ်သားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
2022-03-02
ရန်ကုန်မြို့မှာ မြို့ပြသပိတ်တွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဖောက်ခွဲမှုတွေကြောင့် တစ်လအတွင်း လူကြီး၊ လူငယ် ၈၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ပစ်ခတ်ခံရလို့ လူငယ်တစ်ယောက် သေဆုံးခဲ့ပါတယ်။
2022-03-02
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက "စစ်အာဏာရှင်အုပ်ချုပ်နေသ၍ ဒီအဖြစ်အပျက်မျိုးတွေက မဆန်းပါဘူး။ အောင်ပွဲနဲ့ အတူပြန်လည်ဆုံတွေ့ကြပါစို့" လို့ အိမ်ချိတ်ပိတ်ခံရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။
2022-03-02
မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ တောင်သူလယ်သမားတွေဖြစ်ပြီး နယ်ချဲ့အင်္ဂလိပ် တော်လှန်ရေးမှာလည်း ဆရာစံ ဦးဆောင်တဲ့ ၁၉၃၀ လယ်သမား အရေးတော်ပုံကြီးဖြစ်ခဲ့သလို ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။
2022-03-02
ဖားကန့်မြို့နယ် မက်လင်ဂျောင်ရွာက YTT ကုန်း တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်မှာ မြေပြိုလို့ လူ ၄၀ လောက် ပျောက်ဆုံးနေပြီး ၁၇ ဦးရဲ့ အလောင်းကို တွေ့ရှိထားပါတယ်။