အင်းစိန် NLD အမတ်နေအိမ် ချိတ်ပိတ်ခံရ

2022.03.02
အင်းစိန် NLD အမတ်နေအိမ် ချိတ်ပိတ်ခံရ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး
Photo: RFA

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးရဲ့ နေအိမ်ကို မတ်လ ၂ ရက် ဒီကနေ့မှာ စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က) အရ အိမ်ကို ခေတ္တပိတ်သိမ်းသွားတာလို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက "စစ်အာဏာရှင်အုပ်ချုပ်နေသ၍ ဒီအဖြစ်အပျက်မျိုးတွေက မဆန်းပါဘူး။ အောင်ပွဲနဲ့ အတူပြန်လည်ဆုံတွေ့ကြပါစို့" လို့ အိမ်ချိတ်ပိတ်ခံရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

ဦးမောင်မောင်ဦးဟာ NLD ပါတီ လူငယ်ရေးရာရဲ့ ဦးဆောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ပေါင်း ၇၀ ရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာ၊ အတွင်း ပစ္စည်းတွေကို ဖျက်ဆီးယူဆောင်တာတွေ လုပ်ခဲ့တယ်လို့ NLD ပါတီက ပြောပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-03-02 08:18

ကောက်ညင်း ကမစီး ပြောင်းဆန် ကစီးနေတဲ့နိုင်ငံ