ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်
RFA Burmese
2025.04.23
2025.04.23
၂၀၂၅ ခုနှစ်အတွက် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ကြေညာပါတယ်။
ဒီဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ မေလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းလည်း ၂၀၂၃ ခုနှစ်က ချီးမြှင့်ခံရပါတယ်။
အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေစုပေါင်းပြီး နိုင်ငံရေး၊ လူမှုရေး နဲ့ ပရဟိတ နယ်ပယ်တွေမှာ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်သူတွေကို ဆုချီးမြှင့်ဖို့ ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။