လွတ်လပ်တဲ့အာရှအသံ (RFA) အတွက် နှစ်စဉ် ထုတ်ပေးနေကျ ရန်ပုံငွေတွေကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့က စပြီး အမေရိကန်အစိုးရက ဖြတ်တောက်လိုက်တဲ့အတွက် အခုအချိန်မှာ ဝန်ထမ်းအနည်းငယ်နဲ့သာ လည်ပတ်နေပါတယ်။ နေ့စဉ်နောက်ဆုံးရသတင်းတွေကို RFA Burmese ရဲ့ တရားဝင်ဝဘ်ဆိုက်နဲ့ လူမှုကွန်ရက်တွေကနေ အကန့်အသတ်နဲ့သာ တင်ပြနိုင်တဲ့အကြောင်း အသိပေးအပ်ပါတယ်။ RFA ကို ဆက်ပြီး အားပေးနေတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၂၉ ရက်)
ငလျင်ဘေးနောက်ဆက်တွဲနှင့် ထူးခြားမြန်မာသတင်းများ။
တစ်လကြာလာတဲ့ ငလျင်ဘေး အကူအညီလိုအပ်မှု ကြီးမားနေဆဲ
2025-04-28အရင်က သဘာ၀ဘေးကြုံတိုင်း အင်အားအလုံးအရင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်လေ့ရှိတဲ့ မြန်မာစစ်တပ်ကတော့ လက်ရှိကြုံနေရတဲ့ ငလျင်ဘေးမှာ အရင်လိုအင်နဲ့ အားနဲ့ ပါဝင်မလာတာ တွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ၁၀၆ ဦး နဲ့ အဖွဲ့အစည်း ၂၂ ခုကို EU က ပိတ်ဆို့မှု သက်တမ်း ထပ်တိုး
2025-04-28မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ နဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး နောက်ထပ် တင်းကျပ်တဲ့စီမံချက်တွေ ချမှတ်ဖို့ လည်း EU က အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ဘက် အကျဉ်းထောင် စီမံခန့်ခွဲမှုအမိန့် NUG ထုတ်ပြန်
ပြစ်ဒဏ်ကျခံနေရသူတွေ၊ ချုပ်နှောင်ခံနေရသူတွေ နဲ့ ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ညွှန်ကြားချက်နဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ခံစားနိုင်ရေး စစ်ဥဒေရုံးက စစ်ဆေးကြည့်ရှု ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။