ပေါ့ဒ်ကတ်စ် (Podcasts)

လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ နေ့စဉ် အသံလွှင့်အစီအစဉ်တွေ၊ အပတ်စဉ်အစီအစဉ်တွေကို ပေါ့ဒ်ကတ်စ်နဲ့ အချိန်မရွေး နားထောင်နိုင်ပါတယ်။
ပေါ့ဒ်ကတ်စ် (Podcasts)
Graphic: RFA

ပေါ့ဒ်ကတ်စ်ဆိုတာ သတင်းအစီအစဉ်တွေကို မိမိရဲ့ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက် ဒါမှမဟုတ် Media player တွေမှာရယူပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်နိုင်တဲ့စနစ် ဖြစ်ပါတယ်။

ပေါ့ဒ်ကတ်စ်ရဲ့အားသာချက်ကတော့ အသံလွှင့်အစီအစဉ်တွေကို မိမိရဲ့ ကွန်ပြူတာ၊ ဖုန်း၊ တက်ဘလက် စတာတွေမှာ လမ်းသွားရင်း၊ ကားစီးရင်း၊ ရထားစီးရင်း ကိုယ်ကြိုက်တဲ့အစီအစဉ်ကို အဆင်ပြေသလို ရွေးချယ်နားထောင်နိုင်တာ ဖြစ်ပါတယ်။

Apple Podcasts, Spotify, Overcast, Pocket Casts စတဲ့အက်ပ်တွေကို သုံးနိုင်ပါတယ်။ နှစ်သက်ရာ ပေါ့ဒ်ကတ်စ်အက်ပ်ကို ဖွင့်ပြီး "Radio Free Asia Burmese" ဒါမှမဟုတ် မိမိစိတ်ဝင်စားတဲ့ အစီအစဉ်ကို ရှာပါ။ ဒါမှမဟုတ် Podcast Feed URL ကတစ်ဆင့် တိုက်ရိုက်စာရင်းသွင်းပါ။

စာရင်းသွင်းပြီးသွားပြီဆိုရင် ‌အဲဒီပေါ့ဒ်ကတ်စ်ရဲ့ နောက်ဆုံးထုတ်လွှင့်တဲ့ အစီအစဉ်သစ် (Latest Episode) ကို အက်ပ်က အလိုအလျှောက် ဒေါင်းလုဒ် ဒါမှမဟုတ် တိုက်ရိုက်ဖွင့်ပေးနိုင်ပါတယ်။ အစီအစဉ်တွေကို ရွေးချယ်နားထောင်နိုင်သလို အင်တာနက်မရှိတဲ့အချိန်မှာ နားထောင်ဖို့လည်း ဒေါင်းလုဒ်ယူထားနိုင်ပါတယ်။

RFA PODCAST အစီအစဉ်များ


နေ့လယ်ခင်းသတင်း

RFA နေ့လယ်ခင်းသတင်း အစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ နေ့လယ် ၂ နာရီမှာ ပုံမှန် ထုတ်လွှင့်ပေးနေပါတယ်။

apple_podcast_icon.png

Apple

spotify_podcast_icon.png

Spotify

rss icon

RSS


စစ်မှုထမ်း ဇာတ်လမ်းများ

စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း လူငယ်အများအပြား ပြည်ပကို ထွက်ပြေးသွားကြပြီး စစ်ကောင်စီကလည်း လူငယ်တွေ ပြည်ပထွက်ခွာခွင့် တင်းကျပ်လိုက်ပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ ပြန်ပြောပြတာကို အပတ်စဉ် စနေနေ့တိုင်း နားဆင်နိုင်ပါတယ်။

apple_podcast_icon.png

Apple

spotify_podcast_icon.png

Spotify

rss icon

RSS


ဒီတစ်ပတ်မှာ ပြောချင်စရာ

မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်က ထူးခြားတဲ့ အကြောင်းအရာတွေကို RFA ဝိုင်းတော်သား ရဲစည်သူကာနဲ့ ဝေမာထွန်းတို့က အပတ်စဉ် ဆွေးနွေးတင်ပြထားပါတယ်။

apple_podcast_icon.png

Apple

spotify_podcast_icon.png

Spotify

rss icon

RSS


"ဟဟ ပါပဲ"

ခေတ်စနစ်ရဲ့ အမြီးအမောက်မတည့်တဲ့ အလွဲအမှားတွေကို သရော်စာရေးတဲ့ RFA ပြင်ပဆောင်းပါးရှင် မောင်သံဒိုး နှစ်ပတ်တစ်ကြိမ် တင်ဆက်နေပါတယ်။

apple_podcast_icon.png

Apple

spotify_podcast_icon.png

Spotify

rss icon

RSS


"စိုပြေ မပြောချင်ဘူး"

ခေတ်စနစ်ရဲ့ အမြီးအမောက်မတည့်တဲ့ အလွဲအမှားတွေကို သရော်စာရေးတဲ့ RFA ပြင်ပဆောင်းပါးရှင် စိုပြေ နှစ်ပတ်တစ်ကြိမ် တင်ဆက်နေပါတယ်။

apple_podcast_icon.png

Apple

spotify_podcast_icon.png

Spotify

rss icon

RSS


နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်

RFA က နေ့စဉ် မနက် ၇ နာရီနဲ့ ည ၇ နာရီမှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ရေဒီယို အသံလွှင့် အစီအစဉ်တွေကို နားဆင်နိုင်ပါတယ်။

apple_podcast_icon.png

Apple Podcasts

spotify_podcast_icon.png

Spotify

rss icon

RSS

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-09-26 09:12

ilike rfa

Anonymous
2010-06-06 08:34

CAN NOT DOWNLOAD TO IPHONE BY SAFARI. PLS GIVE ME ADVICE

Anonymous
2011-11-24 00:19

So Bad

Anonymous
2014-10-20 14:33

Hello RFA,
Sometimes, can you ask Mrs Aris (a) Aung San Suu Kyi a cross question like RFA did so many times on government officials?
Do you afraid to ask?

Anonymous
2012-11-15 10:30

the webpage for rfa is quite complex and confusing for myanmar page. i don't even know how to listen to the morning or evening news. in the BBC burmese, it's just click away and i can always listen to any news i missed.

Anonymous
2011-12-27 13:59

Very Good!

Anonymous
2011-04-14 22:39

RFA is one of the best broadcasting stations for Burmese.

Anonymous
2012-09-27 03:13

အစဉ်ပြေစွာသုံးရပါတယ်

Anonymous
2012-09-27 18:38

ကျွန်တော့်ရဲ့ ipod ထဲကိုဘယ်လိုထည့်ရမလဲဆိုတာညွှန်ကြားပေးပါခင်ဗျား

Anonymous
2010-08-16 20:59

I like RFA !

Anonymous
2015-03-12 22:08

RFA ကို နားဆင်၇တာကြိုက် ပါတယ် အားပေးပါတယ်..အဆင်ပြေပါတယ်..ကျေးဇူးတင်ပါတယ်..

Anonymous
2011-05-31 17:59

Myanmarသတင်းနှင့်ပတ်သက်၍

Anonymous
2012-05-08 01:13

THANKS

Anonymous
2011-10-28 01:44

ဒလ လ.၀.က ရုံအကြောင်းပါ....မောင်နှမ ၃ ယောက်မှတ်ပုံတင်လုပ်တာ အမေ ရဲ့ နိုင် ပုံစံ တော့အပြည့်ဆုံရှိပါတယ်။ အဖေ က သွေးနှော် ဖြစ်နေလို့
နိုင်ပုံစံ မတင်ပြနိုင်ပါဘူး နိုင် ကဒ် မရဘူးတဲ့ သုံးခေါက်ချိုးရမယ်လို့ပြောပါတယ်။တင်ထားတာ ၃ လပြည်တော့မယ် စာရွက်စာတမ်းတွေတိုင်းရုံတင်ဘို့တစ်ရောက် ၁၀၀၀၀ စီပေးရမယ်လို့ပြောပါတယ်။တစ်ယောက် ၁၀၀၀၀ စီပေးမှ တိုင်းရုံတင်လို့ရမယ်ပြောပါတယ်။ဒီသတင်းကို အများသိစေရန် RFA သို့ပေးပို့ချင်းဖြစ်ပါတယ်။

Anonymous
2011-03-28 06:03

nothang2@mail.com

Anonymous
2012-02-28 23:37

ok

zwenyan16@icloud.com
2021-04-16 10:21

RFA myanmar ရဲ့ podcastsမှာ auto download link က ဘယ်လိုယူရမလဲခင်ဗျာ RFA ပရိတ်သတ်ပါခင်ဗျား။