သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-10
ချင်းပြည်နယ်က ထွက်တဲ့ မျောက်ငိုသီးတွေဟာ အိန္ဒိယနိုင်ငံ ကသည်းလူမျိုးတွေရဲ့ အစားအစာတစ်ခုဖြစ်တဲ့အတွက် မျောက်ငိုသီးပေါ်ချိန် ဒီဇင်ဘာလကနေ မတ်လအထိ မျောက်ငိုသီးပွဲစားတွေက ချင်းတောင်အထိ လာရောက်ယူရပါတယ်။ အခုနှစ်မှာတော့ နိုင်ငံရေး အခြေနေမတည်ငြိမ်မှုတွေကြောင့် မျောက်ငိုသီးစိုက်တောင်သူတွေ အခက်တွေ့နေကြရပါတယ်။
2023-01-10
ထီးချိုင့်မြို့နယ် ထန်းကုန်းရွာ ဘုန်းကြီးကျောင်းဝင်းထဲကို ဇန်နဝါရီလ ၉ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ အရွယ် ဦးကျော်ခင် သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-10
ပန်းညိုရွာမှာ နေအိမ် တစ်ထောင်နီးပါးရှိပြီး လူဦးရေ လေးထောင်နီးပါး နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-09
အဲဒီစခန်းမှာ ဆယ်စုနှစ်နှစ်ခုမက နေထိုင်ခဲ့ရသူတွေနဲ့ သူတို့က မွေးဖွားခဲ့တဲ့ ကလေးတွေကတော့ တတိယနိုင်ငံတစ်ခုခုကို သွားခွင့်ရဖို့ ဒါမှမဟုတ် ထိုင်းမှာပဲ အဆင့်မြင့်ပညာတွေ သင်ခွင့်ရပြီး နေထိုင်ရှင်သန်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
2023-01-09
စစ်ကောင်စီက စိတ်ထင်တိုင်း ညှဥ်းပန်းနှိပ်စက်တာတွေကို ကမ္ဘာကသိရှိ အာရုံစိုက်အောင် လာမယ့် ၂၀၂၃ မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်ပြသွားမယ်လို့လည်း NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
2023-01-09
လက်နဲ့ရိုက်နှက်တာအပြင် နည်းပေါင်းစုံသုံးပြီး နှိပ်စက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး အသက် ၆၄ နှစ်အရွယ် ပရီမာ နရေနာစမီ ဆိုတဲ့ အမျိုးသမီးကို ပြစ်ဒဏ်စီရင်လိုက်တာပါ။
2023-01-09
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အာဆီယံအသင်းနဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနှစ်နိုင်ငံခေါင်းဆောင်တွေက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။
2023-01-09
ဒုက္ခသည်တွေဘက်က ရိက္ခာမသယ်ပေးဘူးဆိုရင် ဒုက္ခသည်စခန်းတွေကို ထောက်ပံ့နေတဲ့ ဆန်တွေကို ဖြတ်တောက်မယ်လို့ ခလရ (၂၈၉) ဒုတပ်ရင်းမှူးအောင်မင်းသူက ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။
2023-01-09
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်ကနေ ၇ ရက်အထိ ဒေသခံအရပ်သား ခြောက်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-09
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မော်မောင်းလျန်နဲ့ ဗလခမှော်ကို ဇန်နဝါရီလ ၇ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်သားအင်အား ၅၀ နီးပါး ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက် ရှာဖွေသူ ၂၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-09
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းအမှားတွေရှိခဲ့တယ်လို့ စွပ်စွဲထားတဲ့ စစ်ကောင်စီဟာ ၂၀၂၃ ဩဂုတ်လ ရွေးကောက်ပွဲမတိုင်ခင် မဲစာရင်းအမှန်ရနိုင်ဖို့ ငြိမ်းချမ်းတဲ့ ဒေသတချို့မှာ လူဦးရေစာရင်းတွေ စတင်ကောက်ယူ နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော်နယ်မြေ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-09
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာ နှစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ အခုနှစ် ဇန်နဝါရီလ ၅ ရက်တုန်းကလည်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တရားရုံးက ရိုဟင်ဂျာ ၁၁၆ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ ထောင် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။
2023-01-09
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အချိန်နှစ်နှစ်နီးပါးကြာလာတဲ့အထိ နှစ်ဖက်တိုက်ခိုက်မှုတွေ ပြင်းထန်နေဆဲဖြစ်သလို ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်လုံခြုံရေးတွေဟာလည်း စိုးရိမ်နေရဆဲဖြစ်ပါတယ်။
2023-01-09
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဝကုန်းရွာကို ဇန်နဝါရီလ ၈ ရက်မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၄၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-09
စစ်အာဏာသိမ်းမှုနောက် အပြန်အလှန်သတ်ဖြတ်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ ၂၀၂၂ ခုနှစ်နှစ်အတွင်း အရပ်သား၂၄၈ ဦးသေဆုံးခဲ့တယ်လို့ Southern Monitor ရဲ့ ဇန်နဝါရီလ ၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။