သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-21
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ နယ်မြေအတွင်းမှာ ဇူလိုင်လ ၁၅ ရက်နေ့ ကနေ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဒေသခံ ၂၆၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
2022-07-21
ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာသားနှစ်ဦးကို ဇူလိုင်လ ၂၀ ရက် မနေ့က စစ်တွေခရိုင် တရားရုံးကနေ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ပြောပါတယ်။
2022-07-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ အမှုပေါင်း ကိုးမှုနဲ့ တရားစွဲဆိုခံထားရတဲ့အထဲက ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ (က) အမှုအတွက် အိုးဘိုအကျဉ်းထောင်တရားရုံးကနေ ဇူလိုင်လ ၂၀ ရက် မနေ့က ထောင်ဒဏ်သုံးနှစ် အမိန့်ချခံလိုက်ရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-07-20
နိုင်ငံတကာမြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine Monitor ရဲ့ မှတ်တမ်းတွေအရ အခုအချိန်မှာ မြန်မာစစ်တပ်ဟာ ကမ္ဘာပေါ်မှာ လူကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ဆက်လက်အသုံးပြုနေဆဲဖြစ်တဲ့ တစ်ခုတည်းသော နိုင်ငံအဆင့်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
2022-07-20
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုကူညီရေးတွေ ကင်းမဲ့နေတဲ့အပေါ် နိုင်ငံတကာလွှတ်တော်အမတ်များ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IPI) က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ဒီနေ့ညနေပြုလုပ်မယ့် စတုတ္ထအကြိမ်မြောက် ကြားနာပွဲမတိုင်ခင် ရှုတ်ချလိုက်တာပါ။
2022-07-20
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါသြဇာကိုပါ အသုံးပြုချင်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း က ပြောလိုက်ပါတယ်။
2022-07-20
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင်လ ၂၀ ရက် ဒီကနေ့ မနက် ၄ နာရီမှာ ကြိမ်ချောင်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
2022-07-20
မြန်မာပြည်မှာ လူသုံးအများဆုံး ဆက်သွယ်ရေးလိုင်းတစ်ခုဖြစ်တဲ့ အူရီဒူး (Ooredoo) ကုမ္ပဏီ မြန်မာပြည်က ပြန်ထွက်တော့မှာဖြစ်တဲ့အတွက် သူ့ရင်းနှီးမြှုပ်နှံမှုကို ပြန်ရောင်းဖို့ စီစဉ်နေပြီလို့ ရိုက်တာသတင်းမှာ ဒီနေ့ညနေက ဖော်ပြလိုက်ပါတယ်။
2022-07-20
စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ကြုံနေရတဲ့ စစ်ကောင်စီဟာ အနောက်နိုင်ငံတွေ အဓိကအသုံးပြုတဲ့ နိုင်ငံတကာငွေပေးချေမှုစနစ် SWIFT (The Society for Worldwide Interbank Financial Telecommunication) ကို ကျော်လွှားပြီး ရုရှားဗဟိုဘဏ်ရဲ့ ငွေပေးချေမှုစနစ် SPFS (Sistema peredachi finansovykh Soobscheniy) ကို ဝင်ရောက်ဖို့ ကြိုးပမ်းနေပါတယ်။
2022-07-20
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။ ဖမ်းဆီးခံရသူထဲမှာ စစ်ကောင်စီတပ် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
2022-07-20
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ စုပေါင်းနေထိုင်ကြတဲ့ ကျီစုကျေးရွာမှာ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ နဲ့ ၁၉ ရက်နေ့တွေက မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရသလို ရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ လူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ ဇူလိုင်လ ၂၀ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2022-07-20
ပဲခူးတိုင်း ပြည်မြို့မှာ အသက်မပြည့်သေးတဲ့ ခုနစ်တန်းကျောင်းသား လေးဦးထက်မနည်းကို ဇူလိုင်လ ၁၉ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။
2022-07-20
တရုတ်နိုင်ငံ ရွှေလီမြို့ တာချိုင်ကိုင်းရဲစခန်းမှာ အဖမ်းခံထားရချိန် အချုပ်သားတွေ ဝိုင်းရိုက်လို့ ဒဏ်ရာရခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံဘက်က ဇူလိုင်လ ၂၀ ရက် ဒီကနေ့မှာ နေရပ်ပြန်ပို့ပေးလိုက်တယ်လို့ ဒဏ်ရာရသူနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-07-20
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ ကျေးရွာက ကလေး ၁၀ ဦးအပါအဝင် ရွာသား ၇၀ နီးပါးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-20
ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် ခလရ (၁၄၀) က ဗိုလ်မှူးတစ်ဦး မြို့ပြင်မှာ အသတ်ခံရပြီးနောက် အဖမ်းခံခဲ့ရတဲ့ ဒေသခံခြောက်ဦးထဲက နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် လေးဦးကတော့ လက်ရှိ အဲဒီတပ်ရင်းထဲက အချုပ်မှာပဲ ဆက်ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။