မြန်မာကို အကူအညီကင်းမဲ့မှု IPI ရှုတ်ချ

2022.07.20
မြန်မာကို အကူအညီကင်းမဲ့မှု IPI ရှုတ်ချ ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းမှ ကလေးငယ်များ - ၁၄ ဖေဖော်ဝါရီ ၂ဝ၂၂
AFP

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုကူညီရေးတွေ ကင်းမဲ့နေတဲ့အပေါ် နိုင်ငံတကာလွှတ်တော်အမတ်များ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IPI) က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ဒီနေ့ညနေပြုလုပ်မယ့် စတုတ္ထအကြိမ်မြောက် ကြားနာပွဲမတိုင်ခင် ရှုတ်ချလိုက်တာပါ။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ ပြည်တွင်းအခြေအနေတွေ ပိုဆိုးလာခဲ့ပြီး၊ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာ အကူအညီတွေမရဘဲ ဖြစ်နေတာနဲ့ပတ်သက်လို့ အာဖရိက၊ အမေရိက၊ အာရှနဲ့ ဥရောပ တိုက်လေးတိုက်ထဲက ၇ နိုင်ငံက လွှတ်တော်အမတ်တွေက မြန်မာနိုင်ငံ အကျပ်အတည်းအပေါ် ကမ္ဘာ့တုံ့ပြန်ချက်အကြောင်း နိုင်ငံတကာလွှတ်တော်အမတ်များ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IPI) ရဲ့ စတုတ္တအကြိမ်မြောက် ကြားနာပွဲမှာ ပြောဆိုကြမှာ ဖြစ်ပါတယ်။

မြန်မာပြည်က သန်းပေါင်းများစွာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးကို ကာကွယ်ဖို့ အချိန်လွန်နေပြီ၊ ဒါကို အလေးပေး ဆောင်ရွက်ရမယ့်အစား ဆန့်ကျင်ဘက်ဖြစ်နေတာပဲ မြင်နေရတယ်။ စစ်ကောင်စီကို ဆွေးနွေးပွဲ ရောက်လာအောင် ဆွဲခေါ်ဖို့၊ ဒေသတွင်းရော ကမ္ဘာမှာပါ အရေးပါတဲ့နိုင်ငံတွေက ကြိုးပမ်းအားထုတ်မှုနည်းနေတယ်။ ဒီနှစ်မှာ ပေးဖို့လိုနေတဲ့ အကူအညီရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ကို လျော့နည်းနေတယ်။

ဒီလို ပျက်ကွက်နေတာတွေ ရပ်ပါတော့လို့ ဥရောပပါလီမန် ဒုဥက္ကဌလည်းဖြစ်၊ IPI ကော်မတီဥက္ကဌလည်းဖြစ်တဲ့ Heidi Hautala က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။