မြန်မာ နဲ့ နယ်စပ်အရေး ကုလအထူးကိုယ်စားလှယ် နဲ့ အိန္ဒိယ ဆွေးနွေး

RFA Burmese
2025.03.26
မြန်မာ နဲ့ နယ်စပ်အရေး ကုလအထူးကိုယ်စားလှယ် နဲ့ အိန္ဒိယ ဆွေးနွေး ကုလအထူးကိုယ်စားလှယ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ နယူးဒေလီမြို့၌ မတ်လ ၂၅ ရက်နေ့တွင် တွေ့ဆုံစဉ်။
X/@DrSJaishanka

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishanka တို့ နယူးဒေလီမြို့မှာ မတ်လ ၂၅ ရက်နေ့က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း ANI သတင်းက ဖော်ပြပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ နယ်စပ်တည်ငြိမ်ရေး၊ ဒုက္ခသည်တွေအခြေအနေ၊ မြန်မာနိုင်ငံက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ နဲ့ စီပွားရေးအထောက်အပံ့တွေ ပေးအပ်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီး Jaishanka က သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာ ရေးသားပါတယ်။

ဒီဆွေးနွေးပွဲကို အိန္ဒိယ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Jitin Prasada နဲ့ မြန်မာစီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း တို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး အလားအလာတွေကို အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကတဆင့် နယ်စပ်ကုန်သွယ်မှု ပြန်လည်စတင်ရေးတွေကို အကောင်အထည်ဖော်ဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။