မတူပီမြို့မှာ ဗိုလ်မှူးအသတ်ခံရပြီး အဖမ်းခံရတဲ့ ဒေသခံအချို့ ပြန်မလွတ်သေး

ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် ခလရ (၁၄၀) က ဗိုလ်မှူးတစ်ဦး မြို့ပြင်မှာ အသတ်ခံရပြီးနောက် အဖမ်းခံခဲ့ရတဲ့ ဒေသခံခြောက်ဦးထဲက နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေ မယ့် လေးဦးကတော့ လက်ရှိ အဲဒီတပ်ရင်းထဲက အချုပ်မှာပဲ ဆက်ဖမ်းထားတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
ခလရ (၁၄၀) က ဗိုလ်မှူးသန်းနိုင်ဝင်းကို ဇူလိုင် ၁၅ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ ချင်း ကာကွယ်ရေးအဖွဲ့ (CDF) - မတူပီက မတူပီမြို့အပြင်မှာ ပစ်သတ်ခဲ့တာပါ။
ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ အသတ်ခံရတဲ့ အနီးအနားမှာ နေထိုင်တဲ့ မတူပီဒေသခံ ခြောက်ဦးကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခဲ့ပါတယ်။
အသက်ကြီးတဲ့သူနှစ်ဦးကိုပဲ ပြန်လွှတ်ပေးသေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတူပီဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ပြန်လွတ်လာတဲ့ နှစ်ဦးက အသက်ကြီးပြီ၊ (၇၀) ဝန်းကျင်ရှိပြီ။ အဲဒါကြောင့် စစ်ကောင် စီဘက်က လွှတ်ပေးတာပေါ့။ ကျန်တဲ့ လေးဦးက အခုထိ မလွတ်လာသေးဘူး။ အချုပ် ခန်းမှာပဲ ထိန်းသိမ်းနေတယ်"
အဖမ်းခံခဲ့ရတဲ့ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး သုံးဦး စုစုပေါင်းခြောက်ဦးထဲမှာ လက်ရှိ အသက်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသာ ပြန်လွတ်လာတာလို့ ဒေသခံက ဆိုပါတယ်။
လုံခြုံရေးအရ ရွာအမည်ကို ပြောလို့မရပေမယ့် အဖမ်းခံရတာက ဒေသခံတွေသာဖြစ်တယ် လို့ ချင်းကာကွယ်ရေးအဖွဲ့ (CDF) - မတူပီရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"အခု အဖမ်းခံရတဲ့သူတွေက ဗိုလ်မှူးသန်းနိုင်ဝင်း အသတ်ခံရတဲ့ နေရာနားအိမ်တွေက ဒေသခံတွေဖြစ်တယ်။ လုံခြုံရေးအရ ရွာနာမည်ပြောလို့ မရဘူးဗျ"
အဲဒီဗိုလ်မှူးဟာ တပ်တွင်း CDM ပြုလုပ်လိုသူတွေနဲ့ မတူပီမြို့နယ်ထဲက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အထူးစောင့်ကြည့် ထုတ်ဖော်နေတာကြောင့် မတူပီမြို့ အပြင်ဘက်ကို မျှားခေါ်ခဲ့ပြီး ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ CDF - မတူပီအဖွဲ့က ပြောထား ပါတယ်။