သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-21
စစ်ကောင်စီလက်အောက်ခံ တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာနက ဒုတိယဗိုလ်မှူးကြီး ဗညားကျော်ဟာ CDM အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုမှာပါဝင်လာခဲ့ပြီးနောက် လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတစ်နေရာကို အခုရောက်ရှိနေပါပြီ။ သူအခုလို ပြည်သူနဲ့ ပူးပေါင်းခဲ့မှုနဲ့ ပတ်သက်ပြီး ဒုတိယ ဗိုလ်မှူးကြီး ဗညားကျော်ကို RFA လွတ်လပ်တဲ့အာရှအသံက သီးသန့် ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
2022-03-21
အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ကြေညာချက် ခုနစ်ကြိမ်တိတိ ထုတ်ပြန်ခဲ့ပြီး ဒီနေ့မှာတော့ ရှစ်ကြိမ်မြောက် လူမျိုးတုံးသတ်ဖြတ်မှု ကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။
2022-03-21
မတ်လ ၂ဝရက်နေ့ညနေက လေပြင်းတိုက်ပြီး မိုးကြီးခဲ့တာကြောင့် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေးက လေးကေ့ကော် ဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီတဲတွေမှာ အမိုးအကာတွေ ပျက်စီးသွားလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။
2022-03-21
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ Crimes against Humanity ဆိုတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နေတဲ့အကြောင်း အမေရိကန်အစိုးရအနေနဲ့ သတ်မှတ်တယ်လို့ ကြေညာလိုက်ပါတယ်။
2022-03-21
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ရဲ့ ခရီးစဉ်အတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တွေ့ဆုံဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က မတ်လ ၂၁ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
2022-03-21
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း (Prak Sokhonn) ဟာ သူ့ရဲ့ မြန်မာပြည် ပထမဆုံးခရီးစဉ် အဖြစ် မတ်လ ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာပဲ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
2022-03-21
ရန်ကုန်တိုင်း အင်းစိန်ထောင်မှာ တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ဦးဟံသာညိန်းကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ် လိုက်ပါတယ်။
2022-03-21
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လိမ္မော်ရောင် အဆင့်သတ်မှတ်ထားတဲ့ မုန်တိုင်းငယ်ဟာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပါတယ်။
2022-03-21
မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ကိုးသိန်းနီးပါး ရှိနေပြီး လုံခြုံရေး အခြေအနေကြောင့် ဒုက္ခသည်တွေဆီ အကူအညီတွေ ရောက်ရှိဖို့ ခက်ခဲနေတယ်လို့ UNOCHA က မတ်လ ၁၉ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။
2022-03-21
မွန်ပြည်နယ် သထုံမြို့နယ် ကျောက်တောင်ရွာမှာ ကျင်းပနေတဲ့ဘုရားပွဲကို မတ်လ ၁၉ ရက်နေ့ ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ဘုရားပွဲလာတဲ့ ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2022-03-21
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန် (Prak Sokhonn) ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကန့်ကွက်ကြောင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ သပိတ်အဖွဲ့အစည်းပေါင်း ၃၆ ခုနဲ့ ဖွဲ့စည်းထားတဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က မနေ့က ထုတ်ပြန်ပါတယ်။
2022-03-20
ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုပြတိုက်မှာ မတ်လ ၂၁ ရက်နေ့ ဒီနေ့ ပြုလုပ်မယ့်ရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာလိမ့်မယ်လို့ အစိုးရအရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
2022-03-20
ခင်ဦးမြို့နယ်အတွင်း ဒါန်းကုန်းရွာမှာ အိမ် ၄၃ လုံး၊ မှန်တော ၃၈ လုံး၊ ကျွန်းလည်မှာ ၂ လုံး၊ သက်ပေမှာ ၁၃ လုံး၊ တမုတ်ရွာမှာ ၉၃ အိမ်၊ ကုလားလူးမှာ ၇၅ အိမ်နဲ့ ရှားလွင်ရွာမှာ ၆၃ အိမ် မီးရှို့ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
2022-03-20
ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဂျပန်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားကို နှစ်ရက်ကြာ ရောက်နေပြီး နှစ်နိုင်ငံအရေးအပြင် နိုင်ငံတကာအရေးဆွေးနွေးတဲ့ အထဲမှာ မြန်မာနဲ့ ယူကရိန်းကိစ္စကို ထည့်သွင်းဆွေးနွေးပြီးတဲ့နောက် ထုတ်ပြန်တဲ့ နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ မြန်မာကိစ္စကို ဖော်ပြလိုက်တာပါ။