ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်း ထောင် နှစ်နှစ် ချမှတ်ခံရ

2022.03.21
ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်း ထောင် နှစ်နှစ် ချမှတ်ခံရ ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်းကို ဆွေ့ရစဉ်
Photo: CJ

ရန်ကုန်တိုင်း အင်းစိန်ထောင်မှာ တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ဦးဟံသာညိန်းကို အင်းစိန်ထောင် အထူးတရားရုံးကနေ ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ် လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက အတည်ပြုပါတယ်။

ဦးဟံသာညိန်းကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ စွပ်စွဲပြီး အလုပ်ကြမ်းနဲ့ ထောင်နှစ်နှစ်ချလိုက်တာပါ။

ပြီးခဲ့တဲ့နှစ် မတ်လ ၉ ရက်မှာ ရန်ကုန်မြို့က ကမာရွတ်မီဒီယာရုံးခန်းကို စစ်ကောင်စီ တပ်က ဝင်ရောက်စီးနင်းပြီး ဦးဟံသာညိန်းနဲ့ အယ်ဒီတာချုပ် ဦးနေသန်မောင်တို့ အဖမ်းခံခဲ့ရပါတယ်။

သူတို့ဟာ ရန်ကုန်က စစ်ကြောရေးစခန်းမှာ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ ပြန်လွတ် လာတဲ့ ဦးနေသန်မောင်က ပြောပါတယ်။ အမေရိကန်နိုင်ငံသား ဦးနေသန်မောင်ကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ စစ်ကောင်စီက ပြန်လွှတ်ပေးပြီး ဦးဟံသာညိန်းကိုတော့ ဆက်လက်ဖမ်းဆီးထားတာပါ။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး တချို့ ပြန်လွတ်လာပါတယ်။ အဲဒီအထဲက ၄၀ ကျော်ကတော့ ဆက်ပြီး ဖမ်းဆီးခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။