မြန်မာနိုင်ငံရဲ့ နောက်ထပ်အနာရွတ်တစ်ခု

၂၀၁၆ - ၂ဝ၁၇ ခုနှစ်အတွင်း ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာစစ်တပ်က သတ်ဖြတ်ပြီး ရိုဟင်ဂျာခုနစ်သိန်းကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နှင်ထုတ်ခဲ့တဲ့လုပ်ရပ်ဟာ "လူမျိုးတုံးသတ်ဖြတ်မှု" မြောက်တယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ အပါအဝင် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ သတင်းရင်းမြစ်တွေဆီက အသေးစိတ်အချက်အလက် အထောက်အထားတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အကဲဖြတ်၊ စိစစ်၊ သုံးသပ်ချက်တွေကို အခြေခံပြီး အခုလို ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။

ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ပါတယ်။

RFA ကာတွန်းဆရာ Rebel Pepper က သရုပ်ဖော်ရေးဆွဲထားပါတယ်။