သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-25
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရုံးတွေ ဖွဲ့စည်းနိုင်ဖို့ မွန်ပြည်သစ်ပါတီက တင်ပြထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေပါတယ်။
2018-06-25
ရခိုင်ပြည်နယ် မောင်တောဒေသက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ တစ်ဘက် ဘင်္ဂလားဒေ့ ရှ်နိုင်ငံကို ထွက်ပြေးကြရတာနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးက လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းချက်ပေးဖို့ သတ်မှတ်လိုက်ပါတယ်။
2018-06-25
တအာင်းပလောင်ဒေသက ကျေးရွာတွေမှာ စာသင်ခန်းနဲ့ အလှမ်းဝေးနေတဲ့ ကလေးငယ်တွေ အများအပြားရှိနေပါတယ်။ အဲဒီလို ပညာမသင်ကြားနိုင်တဲ့ ကလေးတွေ စာသင်ခန်းထဲ ရောက်ရှိစေဖို့အတွက် ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ တအာင်းသံဃာတော်တွေနဲ့ တအာင်းပညာရေးအဖွဲ့ လူငယ်တွေက တစ်ရွာဝင်တစ်ရွာထွက် စည်းရုံးနေကြပါတယ်။
2018-06-25
မြန်မာနိုင်ငံမှာ မိုးတွင်းဆို ရေကြီး၊ နွေရာသီ ဆို ရေရှားတဲ့ဒုက္ခ နှစ်စဉ်လိုလိုကြုံနေရပါတယ်။ မိုးရေဟာရေချိုဖြစ်တာမို့ ကမ္ဘာမှာတနေ့တခြား ရှားပါးလာတဲ့ ရေချိုတွေ အလဟဿ ဆုံးရှူံးရတာလည်းဖြစ်ပါတယ်။
2018-06-24
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး အမေရိကန်ဒေါ်လာ နှစ်သောင်း လှူဒါန်းခဲ့ပါတယ်။
2018-06-24
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်အတွင်း ကျေးရွာအတော်များများမှာ ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေတယ်လို့ မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-06-24
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာနယ်မြေအတွင်းက နန်စလင်းချောင်းဖျားမှော်မှာ တပိုင်တနိုင် ကျောက်မျက် တူးဖော်ခွင့်အတွက် လျှောက်ထားသူ တစ်ထောင်ကျော်ရှိနေပြီလို့ စစ်ကိုင်းတိုင်းဒေ သကြီး စည်ပင်သာယာရေး ဝန်ကြီးက ပြောပါတယ်။
2018-06-24
လိုင်စင်မဲ့မော်တော်ယာဉ်တွေကို နည်းမျိုးစုံနဲ့ ဖော်ထုတ်ဖမ်းဆီး အရေးယူမယ်ဆိုတဲ့ ကြေညာချက် ကြောင့် လူမှုကူညီရေးအသင်းတွေ အခက်တွေ့နေပြီး ကူညီမှုတွေကို ရပ်ဆိုင်းထားတယ်လို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက လူမှုရေးအသင်း ဦးဆောင်သူတွေက ဒီနေ့ ပြောပါတယ်။
2018-06-24
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဝေဖန်မှုနဲ့ စစ်တွေမြို့က တက်ကြွလှုပ်ရှားသူ တစ်ဦးကို ပြည်နယ်အစိုးရက တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး DVB သတင်းဌာနရဲ့ ဒေသခံ သတင်းသမားတစ်ဦးကို အစိုးရဘက်က သက်သေအဖြစ် ထွက်ဆိုပေးဖို့ ရဲတပ်ဖွဲ့က မနေ့က ခေါ်ယူပြောဆိုခဲ့ပါတယ်။
2018-06-24
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေကို ဆန့်ကျင်ကြောင်း ဒေသခံတွေ ဒီကနေ့ စုပေါင်းဆန္ဒပြကြပါတယ်။
2018-06-24
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရုံးတွေ ဖွင့်လှစ်နိုင်ဖို့ မွန်ပြည်သစ်ပါတီက ပြည်ထောင်စုအဆင့်ပစ်ခတ် တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-Uနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တို့ထံ တင်ပြထားပါတယ်။
2018-06-24
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်သူတွေ ထိခိုက်မူ၊ ပွန်းပဲ့မူ အနည်းဆုံးဖြစ်တဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဋ္ဌ က ပြောပါတယ်။
2018-06-24
ရှစ်လေးလုံးပြည်သူ့ပါတီ အမည်၊ အလံနဲ့ အမှတ်တံဆိပ်ကို ပြောင်းလဲပြီး ရွေးကောက်ပွဲကော်မရှင် ကို ပြန်တင်ဖို့ ပါတီဖြစ်မြောက်ရေးတာဝန်ရှိသူတွေက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-06-24
ကချင်ပြည်နှယ်မှာ တစ်ရှူးငှက်ပျောတွေကို ဆက်ပြီးတိုးချဲ့စိုက်ပျိုးခွင့်မပြုတော့ဘူးလို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
2018-06-23
ဇွန်လ ၂၃ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "တရုတ်နိုင်ငံရဲ့ One Belt-One Road ရပ်ဝန်းတခု လမ်းကြောင်းတသွယ် စီမံကိန်းကြီးနဲ့ မြန်မာနိုင်ငံ ဘယ်လို ဆက်စပ်နေသလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးမယ့် သူတွေက နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ ဦးဇော်နိုင် ( Mandalay Technology Co.) နဲ့ ဦးခိုင်ဝင်း ( Sandhi Governance Institute ) တို့ဖြစ်ပါတယ်။