ICC အရေး ဘယ်လိုတုံ့ပြန်မလဲ
2018.06.25
ရခိုင်ပြည်နယ် မောင်တောဒေသက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြရတာနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးက လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းချက်ပေးဖို့ သတ်မှတ်လိုက်ပါတယ်။ ICC ကို ဘယ်လိုတုံ့ပြန်ဖြေရှင်းသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာသူတွေရဲ့အမြင်ကို RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။