အစိုးရက ရေစီမံခန့်ခွဲရေးစနစ်ကောင်း ချမှတ်ဖို့လို
2018.06.25
မြန်မာနိုင်ငံမှာ မိုးတွင်းဆို ရေကြီး၊ နွေရာသီဆို ရေရှားတဲ့ဒုက္ခ နှစ်စဉ်လိုလိုကြုံနေရပါတယ်။ မိုးရေဟာရေချိုဖြစ်တာမို့ ကမ္ဘာမှာတနေ့တခြားရှားပါးလာတဲ့ ရေချိုတွေ အလဟဿ ဆုံးရှူံးရတာလည်းဖြစ်ပါတယ်။ ဒီအတွက် အစိုးရကလည်း ရေစီမံခန့်ခွဲရေးစနစ်ကောင်းချမှတ်ဖို့လိုပြီး၊ လူထုကလည်း အရင်ကလို မသိလိုက်မသိဖာသာမနေတော့ဘဲ သတိမူသင့်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။