ကျောက်တူးဖော်ခွင့် လျှောက်ထားသူ တစ်ထောင်ကျော်ရှိ


2018.06.24
nansipon-yaymasay-622.jpg စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ရေမဆေးကျောက် ရှာဖွေတဲ့လုပ်ငန်းတစ်ခုကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာနယ်မြေအတွင်းက နန်စလင်းချောင်းဖျားမှော်မှာ တပိုင်တနိုင် ကျောက်မျက် တူးဖော်ခွင့်အတွက် လျှောက်ထားသူ တစ်ထောင်ကျော်ရှိနေပြီလို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးက ပြောပါတယ်။

တင်ဒါစနစ်နဲ့ လုပ်ကိုင်ခွင့်ချထားပေမှာဆိုပေမယ့် လုပ်ငန်းလုပ်ကိုင်လိုသူတွေကို ညှိနှိုင်းဆောင်ရွက်သွားဖို့ လည်းရှိတယ်လို့ ဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

"လျှောက်လွှာတွေလည်း ခေါ်ထားပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်က အားလုံးတစ်ထောင်ကျော် လောက်တော့ ရောက်ပြီ။ လတ်တလောကတော့ ဝန်ကြီးတွေက အကွက်ချပေးတယ်။ ဒီမှာ သူတို့သွားပြီး ကြည့်ပြီးတော့ ကိုယ် ကြိုက်တဲ့နေရာတွေမှာ တင်ဒါစနစ်နဲ့ လုပ်ပေါ့။ တင်ဒါစနစ်နဲ့ ဆိုတော့ အပြိုင်အဆိုင်တော့ လုပ်ရမှာပေါ့။ သို့သော် လည်းပဲ စီးပွားရေးဆန်ဆန် တအားကြီး တဖက်သတ်ကြီးတော့ မဖြစ်နိုင်ဘူး။ ဒါတွေ ညှိနှိုင်းဆောင်ရွက် လို့လည်းရပါတယ်"

လုပ်ကွက်တစ်ကွက်အတွက် အခြေခံနှုန်းထား ကျပ် ၅ သိန်း သတ်မှတ်ထားတာဖြစ်ပါတယ်။

တင်ဒါစနစ်နဲ့ ခေါ်ယူတာမျိုးမဟုတ်ဘဲ လုပ်ကွက်တစ်ကွက်အတွက် ပုံသေဈေးသတ်မှတ်ပြီး ချထားပေးဖို့ ဒေသခံတွေက လိုလားကြတယ်လို့ ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့် ကပြောပါတယ်။

ခန္တီးရတနာနယ်မြေအပြင် ဟုမ္မလင်းမြို့နယ်အတွင်းမှာလည်း တပိုင်တနိုင် ရွှေတူးဖော်ခွင့်ချထားပေးဖို့ ပြင်ဆင်ဆောင်ရွက်နေပြီး တရားမဝင် ရွေတူးဖော်မှုတွေကို အရေးယူနိုင်ရေးအတွက် ဒေသခံတွေနဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေပါဝင်တဲ့ စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

နန်စလင်းချောင်းဖျားမှော်မှာ တပိုင်တနိုင် ကျောက်မျက်တူးဖော်ခွင့်အတွက် လျှောက်လွှာတွေကို ပြီးခဲ့တဲ့ မေလ၂၈ ရက်နေ့က စတင်ရောင်းချပေးနေတာဖြစ်ပြီး လာမယ့် ဇွန်လ ၂၈ ရက်နေ့အထိ နောက်ဆုံးရက် သတ်မှတ်ထားပေမယ့် တိုင်းဒေသကြီး အစိုးရဘက်က လိုအပ်ရင် အချိန်တိုးဆောင်ရွက်ပေးသွားဖို့ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။