တအာင်းပလောင်ဒေသက ကျေးရွာတွေမှာ စာသင်ခန်းနဲ့ အလှမ်းဝေးနေတဲ့ ကလေးငယ်တွေ အများအပြားရှိနေပါတယ်။ အဲဒီလို ပညာမသင်ကြားနိုင်တဲ့ ကလေးတွေ စာသင်ခန်းထဲ ရောက်ရှိစေဖို့အတွက် ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ တအာင်းသံဃာတော်တွေနဲ့ တအာင်းပညာရေးအဖွဲ့ လူငယ်တွေက တစ်ရွာဝင်တစ်ရွာထွက် စည်းရုံးနေကြပါတယ်။ ပညာရေးအတွက် ရုန်းကန်နေကြတဲ့ တအာင်းပလောင်ဒေသခံတွေရဲ့ အခက်အခဲတွေကို RFA သတင်းထောက် ကိုကံသာ တင်ပြထားပါတယ်။