သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-06
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၄၀ ဝန်းကျင် နေပြည်တော်မှာ ဇန်ဝါရီ ၆ ရက် မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
2024-01-06
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ကြိုးပမ်းမယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-01-06
ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇန်နဝါရီ ၅ ရက်ညပိုင်းကနေ ဒီကနေ့ မနက်အထိ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
2024-01-06
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါနဲ့ နမ့်တိန်ရွာက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၆ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-05
စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တိုရဲ့ ကူမင်းဆွေးနွေးပွဲမတိုင်ခင် ဇန်နဝါရီ ၅ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဒုဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
2024-01-05
ဒီအပတ် RFA စကားဝိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ဘယ်လိုဆက်ဆံသင့်သလဲ၊ တရုတ်နိုင်ငံအနေနဲ့ရော လက်ရှိမှာ မြန်မာနိုင်ငံကို ဘယ်လို သဘောထားရှိသလဲ၊ တရုတ်အစိုးရအနေနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်အင်အားစုတွေဖက်က ရပ်တည်မှာလား ဒါမှမဟုတ် စစ်ကောင်စီကိုဆက်လက်ထောက်ခံမှာလား စတဲ့ အကြောင်းအရာတွေကို တင်ပြထားပါတယ်။
2024-01-05
NUG က တရုတ်နိုင်ငံကို အားပေးထောက်ခံကြောင်း ကြေညာချက်ကို အချိန်ကိုက် ထုတ်ပြန်လိုက်တာလို့ USIP က သုံးသပ်ပါတယ်။
2024-01-05
၂၀၂၃ ခုနှစ် ဒုတိယခြောက်လတာကာလအတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်း လူဦးရေ ၆၁၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
2024-01-05
KNU တပ်မဟာ (၃) နယ်မြေ ဆောထိမြို့နယ်က ရေဖြူကန်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ လေးဦးသေဆုံး သွားကြောင်း KNU က ထုတ်ပြန်ပါတယ်။
2024-01-05
လောက်ကိုင်ဒေသအနီးဝန်းကျင် တပ်စခန်းတွေက ထောင်နဲ့ချီတဲ့ တပ်သားအားလုံးလက်နက်ချခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2024-01-05
မြန်မာနိုင်ငံ အပါအဝင် ၁၂ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ စိုးရိမ်စရာ အခြေအနေရှိတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2024-01-05
စစ်ကိုင်းတိုင်း ကလေးမြို့ စက်မှုဇုန်ကနေ ထုတ်လုပ်တဲ့ ဟိုင်မွာလ် ဂျစ်ကားတွေကို စစ်အာဏာသိမ်းပြီးနောက် အသစ်ထုတ်လုပ်တာ မရှိသလောက် နည်းသွားပါတယ်။
2024-01-05
ချင်းပြည်နယ်၊ ပလက်၀မြို့မှာ ဇန်နဝါရီ ၃ ရက်နေ့က လက်နက်ကြီးကျည်စ ထိမှန်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-05
စစ်ကောင်စီရဲ့ အခြေစိုက် တပ်ရင်းတပ်ဖွဲ့တွေရှိနေတဲ့ ဟိုပန်နဲ့ ပန်လုံမြို့ နှစ်မြို့ကို UWSA “ဝ” တပ်ဖွဲ့က ဒီနေ့ နေ့လယ်ပိုင်းမှာ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။
2024-01-05
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ငါးရက်အတွင်းမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား ခုနစ်ဦးသေဆုံးပြီး နောက်ထပ် လူ ၃၅ ဦး ဒဏ်ရာရခဲ့ပါတယ်။