ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် မြန်မာ သတ်မှတ်ခံရ

RFA Burmese
2024.01.05
ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် မြန်မာ သတ်မှတ်ခံရ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် ရမ်ထလိုရွာမှ နှစ်ခြင်းဘုရားကျောင်း တစ်ကျောင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံ အပါအဝင် ၁၂ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ စိုးရိမ်စရာ အခြေအနေရှိတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇန်နဝါရီ ၄ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်တာပါ။

မြန်မာ၊ တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ နီကရာဂွာ၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဘီးယား၊ တာဂျစ်ကစ္စတန် နဲ့ တာ့ခ်မင် နစ္စတန် နိုင်ငံတွေကို ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ အထူးစိုးရိမ်ပူပန်ရတဲ့ Country of Particular Concern (CPC) နိုင်ငံတွေ အဖြစ် သတ်မှတ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီနိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့ ဘာသာရေး လူနည်းစုတွေနဲ့ သူတို့ရဲ့ ဝတ်ပြုကိုးကွယ်ရာ နေရာတွေကို တိုက်ခိုက်တာ၊ လူနည်းစု အသိုက်အဝန်းကို အကြမ်းဖက် တိုက်ခိုက်တာနဲ့ ဘာသာဝင်တွေကို ထောင်ဒဏ်တွေ ချမှတ်တာတွေ ရပ်တန်းက ရပ်ဖို့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။