သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-04
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့၀င် ကိုစန်းမင်းပိုင်ရဲ့ မိဘနှစ်ဦးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက သတ်သွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2022-10-04
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် အကြိမ် (၄၀) နဲ့ (၄၁) ကြိမ်မြောက် အာဆီယံအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေအတွက် စစ်ကောင်စီခေါင်းဆောင်ကို ကမ္ဘောဒီးယားဘက်က မဖိတ်ကြားဘူးလို့ ကမ္ဘာဒီယားနေ့စဉ်ထုတ် သတင်းစာ The Phnom Penh Post က အောက်တိုဘာ ၄ ရက် ဒီနေ့ ရေးသားထားပါတယ်။
2022-10-04
စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဇော်ချောင်းရွာအပါအဝင် အနီးအနားက သင်တော၊ လွင်ကြီးနဲ့ အလယ်ခုံ စတဲ့ ရွာတွေက ဒေသခံငါးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
2022-10-03
CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာခဲ့တဲ့ ဗိုလ်မှူးမျိုးမင်းထွန်း လွတ်မြောက်နယ်မြေတစ်နေရာမှာ ခိုလှုံနေရာကနေ ပျောက်ဆုံးသွားခဲ့တာနဲ့ပတ်သက်ပြီး ဗိုလ်မှူးမျိုးမင်းထွန်းဟာ စစ်ကောင်စီထံ ပြန်လည်လက်နက်ချသွားတာလို့ ပြောဆိုနေကြသလို စစ်ကောင်စီလွှတ်လိုက်တဲ့ သူလျှိုတစ်ဦး ဖြစ်နိုင်တယ်လို့လည်း ဒီမိုကရေစီအင်အားစုတွေအကြားမှာ ပြောဆိုနေကြပါတယ်။
2022-10-03
စစ်အာဏာသိမ်းပြီးနောက် ထိန်းချုပ်ဖို့ခက်ခဲလာတဲ့ ခုခံတော်လှန်မှုတွေ အရှိန်တန့်သွားစေဖို့နဲ့ အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်နေသူတွေရဲ့ ထောက်ပံ့မှုတွေ လျော့နည်းအောင် ပြင်ဆင်နေတာလို့ သပိတ်လှုပ်ရှားမှုတစ်ခုမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
2022-10-03
မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားရွာက ရဲကင်းစခန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အောက်တိုဘာလ ၂ ရက်မနေ့က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဝင် ၅၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
2022-10-03
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နဲ့ ကယားပြည်နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ အပါအဝင် လက်နက်ကြီးနဲ့ မိုင်းကြောင့် ဒေသခံ ၁၃ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
2022-10-03
မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်နဲ့ ပါတီဝင်အယောက် ၂၀ ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ စက်တင်ဘာ ၃၀ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရာပါတယ်။
2022-10-03
ရခိုင်ပြည်နယ် မောင်တောခရိုင် ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်းဟာ အောက်တိုဘာ ၂ ရက် မနေ့ညနေက ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-03
မြန်မာနိုင်ငံရဲ့ အခု ၂၀၂၂ ခုနှစ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ လွန်ခဲ့တဲ့လေးနှစ်နဲ့ နှိုင်းယှဉ်ရင် အနည်းဆုံးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) စားရင်းတွေကို ကိုးကားပြီး ISP-Myanmar က စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
2022-10-03
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဗျက်ကျူံးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က တောထဲ ဟင်းစားရှာဖို့သွားချိန် မြေမြှုပ်မိုင်း နင်းမိတာကြောင့် ဘယ်ဖက်ခြေထောက် ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-03
ဝမ်းနည်းစရာကောင်းတဲ့ ဒီမြင်ကွင်းဟာ မူးယစ်ဆေးဝါးသားကောင်ဖြစ်နေတဲ့ အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်ကို မိဘတွေကိုယ်တိုင် လက်ပြန်ကြိုးတုပ်ပြီး မူးယစ်ဆေးဖြတ်ဖို့ ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာရှိတဲ့ ကောင်းသောရှမာရိ လူငယ်သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဇွန်လက ပို့ဆောင်ခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။
2022-10-02
အဲဒီ စစ်ကောင်စီ ယာယီအခြေစိုက်စခန်းဟာ စစ်ကောင်စီတပ်သား အင်အား ၂ဝ ကျော်နဲ့ သူတို့မိသားစုဝင်တွေ နေထိုင်ကြတယ်လို့ မြောက်ကျွန်းရွာက အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
2022-10-02
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲ ဇရပ်လှရွာက အုပ်ချုပ်ရေးမှူး ဦးတာတေ သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီက အရပ်သား ၇၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-02
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၉ ဦးနဲ့ စေတုတ္ထရာမြို့နယ်က NLD ပါတီဝင် တစ်ဦး စုစုပေါင်း ၂၀ ဦးကို စက်တင်ဘာလ ၃၀ ရက်က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။