သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-07
မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်မှာ ဒီကနေ့ ပြုလုပ်မယ့် စာပေဟောပြောပွဲမှာ ပါဝင်ဟောပြောဖို့ စီစဉ်ထားတဲ့ စာရေးဆရာ ထင်လင်းဦး ကို ဟောပြောခွင့်မပြုဖို့ အမျိုးသားရေးလှုပ်ရှားသူတွေက ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။
2019-01-07
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့အကြား စစ်ရေးပဋိပက္ခတွေကို အမြန်ဆုံးကြားဝင် ဖြေရှင်းဆောင်ရွက်ပေးဖို့ UWSA က အစိုးရနဲ့ တပ်မတော်ထံ အကူအညီတောင်းထားတယ်လို့ သိရပါတယ်။
2019-01-07
၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကျင်းပဖို့ ပြင်ဆင်ထားတဲ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်း အဝင်ဝ မုခ်ဦးတိုင်အောက်ခြေနေရာတွေ မနေ့ညက မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
2019-01-07
ရခိုင်ပြည်နယ်အတွင်း နေအိမ်တွေရှေ့မှာ မိသားစုဓါတ်ပုံတစ်ပုံနဲ့ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ ၁ စောင်စီ ကပ်ထားကြဖို့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ညွှန်ကြား ထားတာကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြန်လည်တားမြစ်လိုက်တယ်လို့ သိရပါတယ်။
2019-01-07
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းက နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်မတော် AA က ဝင်ရောက် တိုက်ခိုက်ခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်း လူ့အခွင့်အရေးကော်မရှင်နဲ့ မဘသ အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-01-07
ရခိုင်ပြည်နယ်ရဲ့ ရှေ့ရေးကို စဉ်းစားပြီး ရက္ခိုင့်တပ်မတော် AA ကို ထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့ နိုင်ငံတော် သမ္မတရုံး က ရခိုင်ပြည်သူတွေကို သတိပေးလိုက်ပါတယ်။
2019-01-07
အစိုးရရဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြည်ပတက္ကသိုလ်နှစ်ခုနဲ့ ချိတ်ဆက် ပူးပေါင်းပြီး အစိုးရ အရာရှိကြီးတွေကို လေ့ကျင့် သင်တန်းပေးနေတာတွေကို ဇန်နဝါရီလ ၄ ရက်နေ့က စတင်ပြီး အပြီး ရပ်ဆိုင်းထားလိုက်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
2019-01-07
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်က ဖရဲနဲ့ သခွားစိုက်တောင်သူတွေဟာ မူဆယ် ကျင်စန်းကျော့ဂိတ်ပေါက် အပိတ်ခံထားရတာ ရက်ကြာလာပြီဖြစ်တဲ့အတွက် ထိခိုက်နစ်နာမှုတွေကို ဖော်ထုတ်တဲ့အနေနဲ့ ဒီနေ့ မုံရွာမြို့မှာ ဖရဲနဲ့ သခွားတွေကို အခမဲ့ပေးဝေပြီး ဆန္ဒပြကြပါတယ်။
2019-01-07
အိန္ဒိယအစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာပြည် ပြန်လည်ပို့ဆောင်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအရာရှိတဦးက ပြောကြားလိုက်ပါတယ်။
2019-01-07
မြန်မာ အမျိုးသမီးငယ်တွေ အန္တရာယ်များပြား ဖြားယောင်းသွေးဆောင်ခံရပြီး လူကုန်ကူးခံရတဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး သုံးနိုင်ငံမှာ မြန်မာနိုင်ငံပါဝင်ပါတယ်။
2019-01-07
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်ပေါက် အပိတ်ခံထားရတဲ့အတွက် တရုတ်ပြည်ကို တင်ပို့နေတဲ့ ဖရဲ နဲ့ သခွားမွှေးကုန်သည်တွေ နစ်နာဆုံးရှုံးနေတယ်လို့ သိရပါတယ်။
2019-01-07
သဘာဝပတ်ဝန်းကျင်ရေးရာသတင်းတွေ စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေ အသက်အန္တရာယ်ရှိနေပြီး ၂ဝ၁၆ ခုနှစ်မှာ မြန်မာသတင်းသမားတဦး အသတ်ခံခဲ့ရပါတယ်။
2019-01-06
ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)(ခ) နဲ့ ဘူးသီးတောင်မြို့နယ် တရားရုံးမှာ ကိုယ်တိုင်လာရောက် တရားရင်ဆိုင်ဖို့ သမ္မာန်စာပေးပို့လိုက်တယ်လို့ သိရပါတယ်။
2019-01-06
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တဝိုက်မှာ အစိုးရတပ်မတော်က ရဟတ်ယာဉ်တွေပေါ်ကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ထုတ်ပြန်ချက်ကို တပ်မတော်က ငြင်းဆိုလိုက်ပါတယ်။
2019-01-06
ဒီဇင်ဘာလ ၂၈ရက်နေ့က ရတနာပုံတက္ကသိုလ်မှာ ပါမောက္ခဌာနမှူးတစ်ဦးနဲ့ သတင်းသမားတွေအကြား ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စုံစမ်းစစ်ဆေးရေး ကော်မတီဟာ ဒီနေ့ မန္တလေးမြို့မှာ သတင်းထောက်တွေ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ တေ့ွဆုံမေးမြန်းခဲ့ပါတယ်။