AA တိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချ


2019.01.07
mnhrc-and-mabatha-622.jpg ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်း လူ့အခွင့်အရေးကော်မရှင်နဲ့ မဘသ အဖွဲ့က ၂၀၁၉၊ ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ်
.

ဇန်နဝါရီလ ၄ ရက်နေ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်အတွင်းက နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်မတော် AA က ဝင်ရောက် တိုက်ခိုက်ခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်း လူ့အခွင့်အရေးကော်မရှင်နဲ့ မဘသ အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

AA က ရဲကင်းစခန်းတွေကို အင်အားသုံးတိုက်ခိုက်ခဲ့မှုကြောင့် တပ်မတော်ဘက်က ပြန်လည်ခုခံရာမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေ၊ ကျွဲနွားတိရိစ္ဆာန်တွေ သေကြေ ပျက်စီးတာတွေရှိခဲ့တဲ့အတွက် လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ကန့်ကွက်ရတာဖြစ်တယ်လို့ ကော်မ ရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

အစိုးရက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်နေချိန်မှာ AA က အခုလိုအကြမ်း ဖက်လုပ်ရပ်တွေ လုပ်ခဲ့တဲ့အတွက် အခြေအနေတွေ ပိုရှုပ်ထွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိခိုက်နိုင်တယ်လို့ လူ့အခွင့်အရေးကော်မရှင်က ဆိုပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ( အထက်မြန်မာပြည်) ကလည်း AA အဖွဲ့ အနေနဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တချို့ဟာ ရွာသားတွေကို နှိပ်စက်ညှင်းပန်းမှုတွေရှိတာကြောင့် AA က သတိပေးတားမြစ်တာတွေရှိခဲ့ပြီး လိုက်နာမှုမရှိတာကြောင့် ရဲကင်းစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ရတာဖြစ်တယ်လို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တုံ့ပြန်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။