ဦးထင်လင်းဦး ဟောပြောခွင့် ကန့်ကွက်ခံရ


2019.01.07
dassk-support-thanbyuzayat-622.jpg စာရေးဆရာ ဦးထင်လင်းဦး မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲမှာ ဟောပြောနေစဉ်
Photo: Kyaw Lwin Oo/ RFA

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်မှာ ဒီကနေ့ ပြုလုပ်မယ့် စာပေဟောပြောပွဲမှာ ပါဝင်ဟောပြောဖို့ စီစဉ်ထားတဲ့ စာရေးဆရာ ထင်လင်းဦးကို ဟောပြောခွင့်မပြုဖို့ မြစေတီကျောင်း ဆရာတော် ဦးဆောင်ပြီး အမျိူးသားရေးလှုပ်ရှားတဲ့ ဆရာတော်တွေနဲ့ နယ်ခံစာရေးဆရာအသင်းက ကန့်ကွက်ခဲ့ကြတဲ့အတွက် ဟောပြောခွင့်မရဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဒေသခံသံဃာတော်တွေကို လက်မှတ်ထိုးခိုင်းပြီး ကန့်ကွက်ခဲ့သလို ချောင်းဆုံမြို့နယ် စာရေးဆရာအသင်းကလည်း ဆရာ ထင်လင်းဦးဟာ ဗုဒ္ဓဘာသာသာသနာအပေါ် အဂါရ၀ နဲ့ ဟောပြောခဲ့တာကြောင့် ကန့်ကွက်ကြောင်း ဒေသခံအာဏာပိုင်တွေထံ စာတင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလိုကန့်ကွက်မှုကြောင့် ဒီကနေ့မှာပြုလုပ်မယ့် ဟောပြောပွဲကို လာမယ့်၂၄ ရက်နေ့ကို ရွေ့ဆိုင်းလိုက်ရပြီး မူလကစီစဉ်ထားတဲ့ ဆရာ ထင်လင်းဦးနဲ့  ဆရာ မောင်စိန်ဝင်း ပုတီးကုန်း တို့ ပါဝင်ခွင့်မရတော့ဘူးလို့ ဟောပြောပွဲဖြစ်မြောက်ရေးအဖွဲ့မှ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။