သတင်းသမားတွေ အန္တရာယ် ရှိနေ
2019.01.07

Photo: Aung Thain Kha/RFA
သဘာဝပတ်ဝန်းကျင်ရေးရာသတင်းတွေ စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေ အသက်အန္တရာယ်ရှိနေပြီး ၂ဝ၁၆ ခုနှစ်မှာ မြန်မာသတင်းသမားတဦး အသတ်ခံခဲ့ရပါတယ်။ စစ်အစိုးရ ခေတ်အဆက်ဆက်နဲ့ယှဉ်ရင် သတင်းလွတ်လပ်ခွင့်ရလာတာ မှန်ပေမယ့်၊ မြန်မာသတင်းသမားတွေရဲ့ ဘဝ ရာနှုန်းပြည့် မလုံခြုံသေးတဲ့အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။