သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-04
ငြိမ်းချမ်းရေးအတွက် ရန်ကုန် မျက် မမြင်ကျောင်းက မသန်စွမ်းတွေ ဦးဆောင် ပြီး ကချင်ပြည်နယ် မြစ်ကြီးနားကနေ နေပြည်တော်အထိ ဘီးတပ်ကုလားထိုင်တွေနဲ့ ၁၃ ရက်ကြာ ချီတက်တောင်းဆို ဖို့ ပြင်ဆင်နေပါတယ်။
2017-02-04
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင်မြို့နယ်တဝိုက်က ဒေသခံ တချို့ နားလည်နိုင်မယ့် ဘာသာစကားနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သိရှိနိုင်စေဖို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မေယု FM လိုင်းကို စမ်းသပ်ထုတ်လွှင့်နေတာဖြစ်တယ်လို့ ပြန် ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် က ပြောပါတယ်။
2017-02-04
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာ လုံခြုံရေးတပ်တွေက လူအခွင့်အရေး ချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂက စွပ်စွဲ ချက်တွေအပေါ်မှာ အထောက်အထားခိုင်လုံရင် စုံစမ်း စစ်ဆေးအရေးယူမူတွေပြုလုပ်သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည် က သောကြာနေ့က ပြောဆိုတယ်လို့ ရိုက်တာ သတင်းတရပ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေး အရာရှိတွေကို ကိုးကားပြီးရေးသားထားပါတယ်။
2017-02-04
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ သယ်ဆောင်လာတဲ့ သင်္ဘောတစင်းကို မလေးရှား အစိုးရ က သောကြာနေ့ မနေ့က စေလွှတ်လိုက်ပါပြီ။
2017-02-04
ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ဟာ မြန်မာပြည်ဒီမိုကရေစီပြောင်းလဲရေးကို အထိနာစေတဲ့ ထိုးနှက်ချက် တခု ဖြစ်တယ်လို့အမေရိကန်ပြည်ထောင်စု ထုတ် The New York Times နယူးယောက်တိုင်းမ်စ် သတင်းစာကရေး သားလိုက်ပါတယ်။
2017-02-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ဦးကိုနီကို အင်ဒိုနီးရှားနိုင်ငံလေ့ လာရေး ခရီးစဉ်က အပြန် ရန်ကုန်လေဆိပ် မှာ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေက သေနတ်သမားတဦး အနီးကပ်ပစ်ခတ်လို့ သေဆုံးရမှုနဲ့ပတ်သက်ပြီး တရားခံ တဦးကို ထပ်မံဖမ်းဆီးမိကြောင်း မြန်မာနိုင်ငံတော် သမ္မတရုံး က ဖေဖေါ်ဝါရီလ ၃ ရက် မနေ့ညနေပိုင်းမှာ ထုတ်ပြန်ကြေ ညာလိုက်ပါတယ်။
2017-02-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် အများစုပါဝင်တဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်း အဝေးတွေ စတင်ခဲ့တာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်လာခဲ့ပါပြီ။
2017-02-03
NLD ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရ တာနဲ့ ပတ်သက်ပြီး လူထုစိတ်ဝင်စားမူ မြင့်တက်နေ ချိန်မှာ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြချက်ဟာ အားအလွန်နည်းတယ်လို့ ဝေဖန်မူတွေ ဖြစ်နေပါ တယ်။
2017-02-03
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေကို ကူညီဖို့ဆိုပြီး မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် စေလွှတ်လိုက်တဲ့ ရိက္ခာတင် သင်္ဘောအုပ်စုဟာ ဒီကနေ့ စတင်ထွက်ခွာလာ ပြီ ဖြစ်ပါတယ်။
2017-02-03
မြန်မာအစိုးရရဲ့ မောင်တောဒေသတဝိုက် နယ်မြေရှင်းလင်းရေးဆိုတဲ့ စစ်ဆင်ရေးမှာ ၄ လအတွင်းမှာ လူပေါင်းရာနဲ့ချီပြီး သတ်ဖြတ်ခံလိုက်ရဖွယ် ရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာမှာ ဒီနေ့ဖော်ပြလိုက်ပါတယ်။
2017-02-03
ဘီလူးချောင်းအမှတ် ၁ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံနဲ့ ဆည်တော် ကြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ခုကို အလုံးစုံပြုပြင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီကနေ ဂျပန်ယန်း ၁၁ ဘီလီယံနီးပါး ချေးယူဖို့အတွက် ဘဏ္ဍာရေးဝန်ကြီးက ဒီကနေ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2017-02-03
ရခိုင်ပြည်နယ် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့် ရန်ပုံငွေကနေ ကျပ်သန်း ၃၆၅၀ ကျော် ခွဲဝေသုံးစွဲမယ်လို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2017-02-03
ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ အခုနှစ်ဆန်းပိုင်းအထိ တစ်နှစ်ကျော်ကာလအတွင်း ဖောက်ခွဲရေး အတွက် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်တဲ့ တရားမဝင် အမိုနီ ယမ်နိုက်ထရိတ် ကီလိုဂရမ် တစ်သိန်းခုနှစ်သောင်းကျော် တန်ချိန်အားဖြင့် ၁၈၀ ကျော်ကို ဖမ်းဆီးရမိထားတယ် လို့ ပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
2017-02-03
ဆရာအတတ်သင် ပညာရေးကောလိပ်နဲ့ ဒီပလိုမာသင်တန်းတွေ ခေါ်ယူရာမှာ မသန်စွမ်းတွေ အရပ်ပုသူတွေနဲ့ LGBT တွေကို လက်မခံဘူးလို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-02-03
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကျိုင်းတုံ၊ ကျေးသီးနဲ့ မိုင်းရှူးမြို့နယ်တွေက မဲဆန္ဒနယ်မြေတွေမှာ သံတမန်တွေ၊ သတင်းမီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လာရောက်စောင့်ကြည့်ပေးကြဖို့ SNLD ပါတီက မနေ့ က ကြေညာချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်လိုက်ပါတယ်။