မလေးရှား ထောက်ပံ့ရေး သင်္ဘော မြန်မာပြည်ကို ထွက်ခွာ
2017.02.04

Photo: YAMPP FB
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ သယ်ဆောင်လာတဲ့ သင်္ဘောတစင်းကို မလေးရှားအစိုးရက သောကြာနေ့ မနေ့က စေလွှတ်လိုက်ပါပြီ။ မလေးရှားဝန်ကြီးချုပ် Najib Razak နာဂျစ်ရာဇတ် က ဒါဟာ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကိုမိမိတို့ လစ်လှူရှုမထားဖူးဆိုတာ သက်သေပြလိုက် တာပဲလို့ ပြောပါတယ်။
အဲဒီ သင်္ဘောပေါ်မှာ ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂ဝဝဝ ကျော် တင်ဆောင်ထားပြီးရန်ကုန်ဆိပ်ကမ်းကို လာမယ့် ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ရောက်ရှိမယ်လို့
ခန့်မှန်းရပါတယ်။ ရန်ကုန်မှာ ပစ္စည်းတန်ချိန် ၅ဝဝ ခန့်ကို ချပြီးနောက် ဒီသင်္ဘောဟာ ကျန်ရှိပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေ မှာ ရောက်ရှိနေတဲ့ရိုဟင်ဂျာတွေကိုပေးအပ်ဖို့အတွက် တက်နဖ် Teknaf ဆိပ်ကမ်းကို ဆက်လက်ထွက်ခွာပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက အဲဒီ သင်္ဘောကို ဆိုက်ကပ်ခွင့်ပေးမယ်လို့သောကြာနေ့ မနေ့က ကြေညာခဲ့ပါတယ်။