သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-20
ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမဘေး ကဇူးရွာမှာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်သား အင်းအားတစ်ရာခန့်ရှိတဲ့ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူလိုက်တယ်လို့ KIA ကပြောပါတယ်။
2024-05-20
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရီကုန်ဘောင်ရွာကို စစ်ကောင်စီတပ်က မေလ ၁၉ ရက်နေ့မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဘိုးအိုတစ်ဦး ဒဏ်ရာရခဲ့သလို ကျေးလက်ဆေးပေးခန်းနဲ့ လူနေအိမ်ငါးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-20
ပြောင်းလဲလိုက်တဲ့ မူဝါဒအသစ်ကြောင့် ပုံမှန်သွားလာဝင်ထွက်နေသူတွေ စမတ်ကတ်ရဖို့ နယ်စပ်ဂိတ်တွေမှာ နေ့စဥ် တန်းစီစောင့်ဆိုင်းနေရတဲ့အပြင် ဒီကတ်ရဖို့ ငွေကျပ်သိန်းနဲ့ချီ ကုန်ကျနေတာပါ။
2024-05-20
၂၀၂၄ ဒီနှစ်ဆန်းက အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အဆိုးဆုံးပဲလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
2024-05-20
တနင်္သာရီတိုင်းထဲက မြို့နယ်တချို့မှာ ဆန်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားတယ်လို့ ဒေသခံတွေက မေ ၂၀ ရက်မှာ ပြောပါတယ်။
2024-05-20
မုံရွာမှာ မေ ၁၆ ကနေ ၁၉ ရက်အတွင်း နေ့အပူချိန်တွေမြင့်တက်ခဲ့ပြီး အဲဒီလေးရက်အတွင်းမှာ သေဆုံးသူ လူတစ်ရာနီးပါး ရှိခဲ့တယ်လို့ မုံရွာမြို့အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့တွေက ပြောပါတယ်။
2024-05-20
စစ်တွေမြို့မှာ တစ်ပတ်အတွင်း ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုနေတဲ့ စစ်တွေဒေသခံမဟုတ်တဲ့ အရပ်သားနှစ်ရာခန့်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ပါတယ်။
2024-05-20
ကျီခါးမြို့နဲ့ တွန်းဇံမြို့ပေါ်က ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို မေ ၁၉ ရက်မှာ ချင်းအမျိုးသားတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ CNA ပြောခွင့်ရသူက ပြောပါတယ်။
2024-05-20
ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ နှစ်ရာကျော်ကို တိုက်ပွဲတွေအတွင်းကနေ ကူညီကယ်တင်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-05-20
မလေးရှားနိုင်ငံမှာ အလုပ်လုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၇၀ ခန့်ကို မေလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေနဲ့ မလေးရှားရောက်မြန်မာတွေက RFA ကို ပြောပါတယ်။
2024-05-20
ဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့မှာလုပ်ခဲ့တာဖြစ်ပြီး အာကာသ နည်းပညာနဲ့ သက်ဆိုင်တဲ့ ပညာတော်သင်တွေ စေလွှတ်ဖို့နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
2024-05-19
မေ ၁၈ ရက်က မုန်းချောင်းအတွင်း ရေဆင်းခပ်တဲ့ အမျိုးသမီးနှစ်ဦး မိုင်းနင်းမိပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး စိုးရိမ်ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
2024-05-19
ဘူးသီးတောင်မြို့ သိမ်းတိုက်ပွဲအတွင်း ရိုဟင်ဂျာတွေကို ပတ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ဘူးလို့ ရက္ခိုင့်တပ်တော်(AA) က ငြင်းဆိုလိုက်ပါတယ်။
2024-05-19
ထောင်သောင်းချီတဲ့ အရပ်သားတွေ၊ အဓိက အားဖြင့် ရိုဟင်ဂျာတွေ နေရပ်ရွှေ့ပြောင်းရမယ့် အလားအလားရှိတယ်လို့ဆိုပါတယ်။
2024-05-19
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရေဖြူကန်ရွာသား အသက် ၇၂ နှစ်အရွယ် ဦးမြတ်သိန်း ထိမှန်သေဆုံးခဲ့တာလို့ KNU ထုတ်ပြန်ထားပါတယ်။