သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-07
ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တဝိုက်မှာ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ အသေးစား ရွှေတွင်းကုမ္ပဏီတွေ၊ ရွှေတွင်းလုပ်သားတွေနဲ့ သက်ဆိုင်ရာမိသားစုဝင် စုစုပေါင်း တစ်သိန်းနီးပါးဟာ ဒီကနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။
2012-06-07
ရန်ကုန်မြို့က စက်ရုံအလုပ်သမားတွေ ဆန္ဒပြမှု ပြေလည်အောင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဆက်လက်ပြီး ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ သတင်းရရှိပါတယ်။
2012-06-06
အရင် စစ်အစိုးရအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အခုအခါ ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံက ဆုံးဖြတ်လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။
2012-06-06
စီးပွားရေးအရ အရေးပါတဲ့ ဝန်ကြီးဌာနနှစ်ခုက ဒုတိယဝန်ကြီး နှစ်ဦးကို ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ချက် တစ်ရပ် နိုင်ငံပိုင်သတင်းစာတွေမှာ မနေ့က ဖော်ပြပါရှိခဲ့ပါတယ်။
2012-06-06
မြန်မာနိုင်ငံမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း အစိုးရက ၂၀၁၂ ခုနှစ် ဇွန်လ (၆) ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2012-06-06
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာသဘောထားနဲ့ လက်ရှိမြန်မာနိုင်ငံက ဆန္ဒပြပွဲတွေအပေါ် သဘောထားအမြင်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2012-06-06
ရခိုင်ပြည်နယ်မှာ မကြာသေးမီ ရက်ပိုင်းတွေက ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေး ရှိဖို့အရေးနဲ့ နောက်ကွယ်မှာ လှုံ့ဆော်သူတွေရှိ၊ မရှိဆိုတာတွေကို စိုးရိမ်မိကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-06-06
မြောက်ကိုရီးယား အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သင်ခန်းစာယူပြီး တိုင်းပြည်ကို အမှောင်ချထားရာကနေ ရုန်းထွက်ဖို့ တောင်ကိုရီးယားသမ္မတ Lee Myung-Bak က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2012-06-06
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr ဟာ ဒီကနေ့မနက်ပိုင်းက ဒီမိုကရေစီမိတ်ဆွေ (၁၀ ) ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ သြစတြေးလျနိုင်ငံက အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2012-06-06
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကို ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းဖို့အတွက် ရှေ့သီတင်းပတ် ဇွန်လ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ပါတီ ဗဟိုဦးစီးအဖွဲ့ စုံညီအစည်းအဝေးကို ခေါ်ယူကျင်းပမယ်လို့ သတင်းရရှိပါတယ်။
2012-06-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားရေး ဆောင်ရွက်နေသူ ၇ ဦးကို ဒီနေ့ခေါ်ယူတွေ့ဆုံပြီး အလုပ်သမားတွေရဲ့ လက်ရှိအခြေအနေအရပ်ရပ်ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
2012-06-06
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံအာဏာပိုင်တွေ ရွှေ့ပြောင်းအလုပ်သမားများ အရေးကို ဆွေးနွေးပြီးတဲ့နောက် အခုရက်ပိုင်းမှာ မြန်မာအလုပ်သမား အခွင့်အရေးဆိုင်ရာများ တိုးတက်ရရှိဖို့ အခြေအနေရှိတယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။
2012-06-06
လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ရန်ကုန်မြို့ စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမားတွေက အစိုးရအရာရှိတွေရဲ့ တိုက်တွန်းမှုကြောင့် သပိတ်ရပ်လိုက်ပေမယ့် စက်ရုံပိုင်ရှင်က အလုပ်သမား ၂၉ ဦးကို ဒီနေ့ အလုပ်ထုတ်ပစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
2012-06-05
မနေ့ ညက မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လြုံခုံရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။
2012-06-05
သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ မပတ်သက်ဘဲ ပြည်တွင်းရေး ကိစ္စတွေကြောင့် ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက ပြောဆိုကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။