NDF ပါတီ ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းမည်

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကို ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းဖို့အတွက် ရှေ့သီတင်းပတ် ဇွန်လ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ပါတီ ဗဟိုဦးစီးအဖွဲ့ စုံညီအစည်းအဝေးကို ခေါ်ယူကျင်းပမယ်လို့ သတင်းရရှိပါတယ်။

2012.06.06
khin_maung_swe_ndf_election_305_z.png အမျိုးသားဒီမိုကရေစီအင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။
(Photo: AFP)

လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ပါတီအင်အားတောင့်တင်းအောင် လုပ်ဆောင်သွားဖို့ ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ NDF ပါတီ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း NDF ပါတီ မူဝါဒရေးရာအကြီးအကဲ ဦးခင်မောင်ဆွေက ပြောပါတယ်။

"ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးပါ။ ပြန်လည်ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းရေးအတွက် ပါတီမူဝါဒရေးရာကော်မတီရယ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီရယ်၊ ဗဟိုအလုပ်ကော်မတီရယ်၊ ဗဟိုအလုပ်ကော်မတီမှာ လူငယ်တွေပါပါတယ်။ သုံးဖွဲ့ပေါင်းပြီး ဆွေးနွေးတာပါခင်ဗျ။ ပါတီစည်းရုံးရေးဘယ်လို ဆက်ဆောင်ရွက်သွားမလဲ၊ ရန်ပုံငွေရရှိရေး ဘယ်လိုလုပ်မလဲ၊ ပါတီ စည်းမျည်းစည်းကမ်းတွေရော၊ နောက်ပြီးတော့ ပါတီရဲ့ဖွဲ့စည်းရေး အပိုင်းတွေမှာ ပြန်လည်ပြင်ဆင် ဖွဲ့စည်းသွားဖို့၊ နောက်ပြီးတော့ ထွက်ထားတဲ့ အဲပုဂ္ဂိုလ်ထဲက ကျွန်တော်တို့ ဗဟိုအလုပ်မှုဆောင်မှာ ပါတဲ့ ပုဂ္ဂိုလ်တွေ ပြန်ဖြည့်ဖို့၊ ဗဟိုအလုပ်အမှုဆောင်တွေ ထပ်တိုးချဲ့ဖွဲ့စည်းဖို့ အဲတာတွေကို ကျွန်တော်တို့ တိုင်ပင်တာပါ။ တိုင်ပင်ပြီးမှ ဗဟိုဦးစီးမှာ တင်ပြပြီးမှ အတည်ဖြစ်မှာပါ"

NDF ပါတီဟာ မြန်မာနိုင်ငံမှာ NLD ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပြီးရင် တတိယ အင်အားအများဆုံးပါတီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။