နိုင်ငံရေးသိက္ခာရှိတဲ့ ကိုယ်စား လှယ်လောင်းတွေဖြစ်ကြောင်း NDF ခေါင်းဆောင်ပြော


2015.11.06
ndf-party-campaign-620.jpg အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်လောင်းတွေ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့မှာ မဲဆွယ်စည်းရုံးစဉ်
Photo: Zarni Htun/ RFA

NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့မှာ နောက်ဆုံးနေ့ မဲဆွယ်စည်းရေးအနေနဲ့ ဒီကနေ့ ဟောပြောခဲ့ပါတယ်။ NDF ပါတီ ကိုယ်စားလှယ်လောင်းတွေဟာ လွှတ်တော်ထဲပြည်သူ့အကျိုးဆောင်ရွက်ရာမှာ လူထုမကြိုက်တဲ့ အချက်တွေ ရှိလာရင် လွှတ်တော်ထဲမှာ ဆက်မနေဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ က ပြောပါတယ်။

"ကျနော်တို့ပါတီက လူအင်အားမရှိသော်လည်း အရည်အချင်းရှိတဲ့ပါတီဖြစ်တယ်၊ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေဟာ တစ်ကယ်လို့များပြည်သူက ဆန္ဒမဲ ပေးပြီးတော့ ရွေးချယ်လိုက်ရင် လွှတ်တော်ထဲ ကိုရောက်သွားမှာပဲ၊ ပြည်သူ့အကျိုး စီးပွားတွေကို သယ်ဆောင်ပြီးတော့၊ ပြည်သူ့မျက်နှာတစ်ချက်ညှိုးတာနဲ့ လွှတ်တော် ထဲမှာ နိုင်ငံရေးသိက္ခာမဲ့စွာ ပေကပ်နေမယ့်လူစားမျိုးတွေမဟုတ်ဘူးဆိုတာ ဒီနေရာကနေ အာမခံ ရဲရဲကြီးပေးပြီး နိဂုံးချုပ်ပါတယ်"

အဲဒီမဲဆွယ်စည်းရုံးပွဲကို ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လသာ၊ ဒဂုံဆိပ်ကမ်း မြို့နယ်က လွှတ်တော်ကိုယ်စားလောင်း ၂၀  ပါတီဝင်နဲ့ ပြည်သူ နှစ်ရာနီးပါးလောက် တက်ရောက်တာ ကို တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီကနေ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၈၉ ယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း ၃၈ ယောက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃၈ ယောက်တို့နဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။