သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည်

မနေ့ ညက မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လြုံခုံရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

2012.06.05
austrial-bob-carr-b305 သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Bob Carr (ယာ) ဖြစ်ပါသည်။
RFA

အလားတူ မစ္စတာ Carr ဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ မနက်ဖြန်မှာတော့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်မှာ မြန်မာအစိုးရ ဝန်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖွယ် ရှိပါတယ်။ တွေ့ဆုံတဲ့အခါ လက်ရှိ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းဖို့ ဦးသိန်းစိန်ကို တိုက်တွန်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျ အစိုးရဟာ မြန်မာအပေါ် ပိတ်ဆို့အရေးယူထားခဲ့ရာမှာ မူလက ပိတ်ဆို့အရေးယူထားတဲ့ ပုဂ္ဂိုလ် အမည်စာရင်း (၃၉၂) ယောက် ရှိခဲ့ရာက၊ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာ အပြီးမှာတော့ အဲဒီ ပိတ်ဆို့ခံ အမည်စာရင်းထဲမှာ (၁၂၆) ယောက်သာ ကျန်တဲ့အထိ လျှော့ပေါ့ခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ဘဏ္ဍာရေးနှစ်မှာ မြန်မာအတွက် ကူပံ့ငွေ (၃၀) ရာနှုန်း တိုးတက်ကူညီမှာဖြစ်လို့ အမေရိကန်ဒေါ်လာ (၆၄) သန်းနီးပါး မြန်မာက ရရှိမှာဖြစ်ပါတယ်။

မြန်မာအစိုးရ ခေါင်းဆောင်တွေ အားလုံးဟာ ပိတ်ဆို့မှုတွေ ပြန်လာစေချင်ကြမှာ မဟုတ်ဘူးဆိုတာ မိမိ ယုံကြည်ကြောင်း၊ မြန်မာအပေါ် ပိတ်ဆို့မှုတွေကို အခြေအနေတွေနဲ့ ကိုက်ညီအောင် မိမိတို့ ပြန်လည်သုံးသပ် ကြရမှာဖြစ်ကြောင်း၊ အစိုးရအဖွဲ့၊ အတိုက်အခံအဖွဲ့တွေနဲ့ မိမိတွေ့ဆုံပြီးတဲ့အခါ ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မိမိ ဆုံးဖြတ်မှာဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr က ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။