မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်မယ်လို့ မျှော်လင့်
2012.09.23

နယူးယောက်မြို့ Queens College မှာ မနေ့က မနက်ပိုင်း ၁၀ နာရီလောက်က အမေရိကန်တွေနဲ့ သီးသန့် တွေ့ဆုံပွဲမှာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအကြောင်း ရှင်းလင်း ပြောပြစဉ်မှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေးကာလ ကျော်ဖြတ်ပြီးတာနဲ့ စစ်အာဏာရှင်စနစ် မတိုင်ခင် ကြွယ်ဝချမ်းသာတဲ့ နိုင်ငံအဆင့်ကို ပြန်လည်ရောက်ရှိနိုင်မယ်လို့လည်း မိမိအနေနဲ့ မျှော်လင့်ချက်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
နေ့လည်ပိုင်းမှာတော့ နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စာသင်ကျောင်းတွေ တက္ကသိုလ်တွေဟာ ဘယ်လိုအခြေအနေလဲဆိုတာ သိရှိအောင် ကိုလံဘီယာကျောင်းသူ ကျောင်းသားတွေ ကိုယ်တိုင် လာရောက်လည်ပတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ အဲဒီလို လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံက လူငယ်တွေ ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှသာ ဘယ်လို ကူညီနိုင်မလဲဆိုတာကို သိရှိမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းကလည်း နယူးယောက်မြို့အပြင် အနီးအနား ပြည်နယ်တွေက မြန်မာမိသားစု ၃၀၀၀ လောက်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
နယူးယောက်မြို့မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲက ကောက်နုတ်ချက်တွေကိုတော့ အာအက်ဖ်အေ ဝိုင်းတော်သူ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
![]() |
ကောက်နုတ်တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |