မြန်မာမှာ ဒီမိုကရေစီပြန်လည်ထူထောင်ရေး အရေးကြီးကြောင်း အိန္ဒိယပြော

RFA Burmese
2024.10.12
မြန်မာမှာ ဒီမိုကရေစီပြန်လည်ထူထောင်ရေး အရေးကြီးကြောင်း အိန္ဒိယပြော အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအား လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အာဆီယံ ထိပ်သီးညီလာခံတက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် နိုင်ငံအားလုံးပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှထိပ်သီးညီလာခံမှာ တိုက်တွန်းပြောကြားခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာနက အောက်တိုဘာ ၁၁ သောကြာနေ့က ထုတ်ပြန်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်ဟာ အရေးပါတဲ့အပြင် မြန်မာကို ပစ်ပယ်မထားဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထူထောင်ရေး အရေးကြီးကြောင်းတွေကို ဝန်ကြီးချုပ်မိုဒီက အလေးထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေ အများအပြား ဖြစ်ပွားခဲ့ပြီး ဒေသတွင်းလုံခြုံရေးကို စိုးရိမ်စရာ ဖြစ်လာစေတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ လာအိုနိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၀ ရက်ကနေ ၁၁ ရက်နေ့အထိ လာအိုနိုင်ငံကို သွားရောက်ခဲ့ပြီး ၂၁ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးနဲ့ ၁၉ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းဝေးတွေကို တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။