နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သမ္မတ ဦးသိန်းစိန်ကြိုဆို
2012.09.21

ဒါအပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူနေမှုဘ၀ တိုးတက်ပြောင်းလဲရေးအတွက် အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။
ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ဆွေမျိုးပေါက်ဖော်အဖြစ် ရှိနေကြောင်း အမေရိကန်ပြည်ထောင်စုကို ပြသလိုက်တာဖြစ်တယ်လို့ တရုတ်ပြည်အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။
"သူသွားတာကလည်း ကုန်စည်ပြပွဲကို သွားတာဆိုတော့ ဒီဘက်က ကြီးမားတဲ့ အဆင့်မြင့်တဲ့သူတွေနဲ့ တွေ့မှာ မဟုတ်ပါဘူး။ အဲတော့ အမေရိကန်ကို သူသွားတာကလည်း အမေရိကန်အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့ သွားတာ မဟုတ်ပဲနဲ့ ကုလသမဂ္ဂကို သွားတာဖြစ်တယ်။ အဲနှစ်ခုက အဆင့်ချင်း အတူတူလောက်ပဲလို့ ပြောလို့ရတာပေါ့လေ။ ဒီသံတမန် သဘောအရ။ အဲဒီအရ ကျွန်တော်ထင်တယ် တန်းတူတဲ့အဆင့် တစ်နေရာကို သွားပြီးတော့ မျက်နှာပြတဲ့ သဘောပါပဲ။ ဒီထက်တော့ မပိုပါဘူး"
Nanning မြို့မှာ ကျင်းပနေတဲ့ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းအပြင်၊ စိုက်ပျိုးရေးထွက်ကုန်၊ ငါး၊ စက်မှုလုပ်ငန်း၊ သစ်တော၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပြသခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်လိုပေမယ့် အခက်အခဲတွေ အများကြီးရှိနေတယ်လို့ ဦးဖိုးသံချောင်းက ဆိုပါတယ်။
Nanning ကုန်စည်ပြပွဲမှာ ပြောသွားတဲ့ သမ္မတရဲ့ မိန့်ခွန်းမှာ ဒီနှစ်သြဂုတ်လအထိ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ လာရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ထိ ရှိတယ်လို့ ဆိုပါတယ်။