သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-19
"ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်း" နဲ့ "လူဦးရေတိုး ပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း" ၂ ခုကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အမျိုးသားလွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။
2015-01-19
တရားဥပဒေစိုးမိုးရေးဌာနများ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းမှု ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းရာ ဥက္ကဌအဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ကြေညာလိုက်ပါတယ်။
2015-01-19
၆ ပွင့်ဆိုင် တေ့ွဆုံဆွေးနွေးရေးဟာ "စုပေါင်းညှိနှိုင်းဖြေရှင်းသည့် သဘောတရား" ကို အခြေခံထား တာကြောင့် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စု လွှတ်တော်ထံ သဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။
2015-01-19
ကေအိုင်အေ တပ်မဟာ ၂လက်အောက်ခံ တပ်ရင်း ၆ က ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ထံ ဒီနေ့ လွှဲပြောင်းပေး လိုက်ပါတယ်။
2015-01-19
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂျိတ္တောကျေးရွာ မှာ အိမ်ယာမရှိသူတွေအတွက် ကျေးရွာ သစ်တည်ထောင်ပေးဖို့ ဒေသခံ ၆၀၀ လောက်က ဒီကနေ့ သံတွဲမြို့မှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2015-01-19
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ် ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင် ဂျာ မွတ်စလင်တွေအကြား ပဋိပက္ခ နဲ့ ဆက်နွယ်ပြီး အင်း စိန် အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရ တဲ့ ဒေါက်တာ ထွန်းအောင် ကို နိုင်ငံတော်သမ္မတရဲ့ အထူး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဒီကနေ့ ညနေ ၄ နာရီမှာ လွှတ်ပေးလိုက်ပါတယ်။
2015-01-19
ပထမအကြိမ် ၁၂ ကြိမ်မြောက် လွှတ်တော်ပုံမှန် အစည်းအဝေးတွေကို နေပြည်တော်မှာ ဒီနေ့ ပြန် လည် စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ် အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကိုပဲ အဓိကထား ဆွေးနွေးနေရမှာဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2015-01-19
ဒီလ ၁၄ ရက်နေ့က ကေအိုင်အေက ထိန်းသိမ်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဒီနေ့ ကချင်ပြည်နယ်အခြေ စိုက် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ဝင်တွေ သွားရောက် ပြီး ခေါ်ယူကာ ဖားကန့်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ထံ ပြန်လည်အပ်နှံမယ်လို့ သိရပါတယ်။
2015-01-19
မျိုးစောင့်ဥပဒေကြမ်း ၄ ခုထဲက "လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း" နဲ့ "ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း" ကို ပြည်ထောင်စုရှေ့နေ ချုပ်ရုံးက ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2015-01-19
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ပတ် သက်ပြီး သဘာထားအမြင်တွေကို ဒေါ်ခင်ခင်အိ စုစည်းတင်ပြမှာပါ။
2015-01-19
သံလွင်မြစ်မှာတည်ဆောက်မယ့် ရေ ကာတာစီမံကိန်းတွေကြောင့် ပဋိပက္ခတွေ ပိုမို ဆိုးရွားလာပြီး၊ ဒေသခံတွေရဲ့ လူ့အခွင့် အရေး ချိုးဖောက်ခံနေရတဲ့အတွက် စီမံကိန်းတွေ ချက်ချင်း ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ရက်အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-01-18
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က နိုင်ငံတော် သမ္မတ နေအိမ်မှာ ကျင်းပခဲ့တဲ့ ၄၈-ဦး တွေ့ဆုံဆွေးနွေးပွဲကိစ္စ အပေါ် ဝေဖန် မှုတွေ အမျိုးမျိုး ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသုဝေ၊ SNLD ပါတီ အထွေထွေ အတွင်းရေးမှူးး စိုင်းညွန့်လွင် နဲ့ သတင်းစာဆရာ စည်သူအောင်မြင့် တို့ကို ဆက်သွယ်ပြီး ဆွေးနွေးတင်ပြထားပါတယ်။
2015-01-18
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေ ကျေးရွာအနီး တိုက်ပွဲကြားမှာ ပိတ်မိနေ တဲ့ လူနှစ်ထောင်ဝန်းကျင်မှာ တရုတ်နိုင်ငံသားတွေ ရာဂဏန်း ပါဝင်နေတယ်လို့ တရုတ်ပြည်မှာ အင်္ဂလိပ် ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်းစာက ဖော်ပြပါတယ်။ အရေအတွက် အတိအကျကိုတော့ ဖော်ပြမထားပါဘူး။
2015-01-18
အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်း ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း အလုပ်ရုံဆွေးနွေးပွဲမှာ အနိမ့်ဆုံးလုပ်ခ လစာကို တစ်ရက် အလုပ်ချိန် ၈ နာရီအပေါ် အခြေခံတွက် ချက်ပြီး သတ်မှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ အလုပ်ရုံဆွေးနွေး ပွဲ တက်ရောက်သူတွေ က ပြောကြားကြပါတယ်။
2015-01-18
ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ဦးကို မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုး ဆောင်အဖွဲ့ဝင်တွေ က ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နဲ့ ဆက်သွယ်ပြီး ဒီနေ့ သွားရောက်ခေါ်ဆောင်နေပါတယ်။