အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းနဲ့ မေးမြန်းချက်
2015.01.19
မျိုးစောင့်ဥပဒေကြမ်း ၄ ခုထဲက "လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း" နဲ့ "ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း" ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်သူ ကိုယ်စားလှယ် ၆ ဦးရှိတဲ့အထဲက တစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။