ဥပဒေစိုးမိုးရေးဌာနများ တည်ထောင်ရေး ညှိနှိုင်းမှုအဖွဲ့ ဖွဲ့စည်း
2015.01.19

တရားဥပဒေစိုးမိုးရေးဌာနများ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းရာ ဥက္ကဌ အဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်က တာဝန်ယူဆောင်ရွက် မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ကြေညာ လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တရားဥပဒေ စိုးမိုးရေးဌာနများ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူမှာဖြစ် တယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီညှိနှိုင်းမှုအဖွဲ့ဟာ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကို လေ့လာသုံးသပ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းထံ တင်ပြရမှာဖြစ်တယ်လို့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
တရားဥပဒေ စိုးမိုးရေးဌာနတွေကို မန္တလေးမြို့နဲ့ လားရှိုးြမို့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့ပြီး ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ထပ်မံတိုးချဲ့ဖွင့်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။