အနိမ့်ဆုံးလုပ်ခကို တစ်နေ့ ၈ နာရီနဲ့ အခြေခံတွက်ချက်
2015.01.18

အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အလုပ် သမားအဖွဲ့အစည်း အလုပ်ရုံဆွေးနွေးပွဲမှာ အနိမ့်ဆုံးလုပ်ခ လစာကို တစ်ရက်အလုပ်ချိန် ၈ နာရီအပေါ် အခြေခံတွက် ချက်ပြီး သတ်မှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ အလုပ် ရုံဆွေးနွေးပွဲ တက်ရောက်သူတွေက ပြောကြားကြ ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်ချိန် ၈ နာရီအပေါ် အခြေခံပြီး တွက်ချက်မှာဖြစ်တာကြောင့် အချိန် ပိုကြေး၊ အပိုဆုကြေးနဲ့ ရှားပါးစရိတ်တွေကို ထည့်သွင်းသတ်မှတ် မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် တွဲဖက်အတွင်းရေးမှုး မဖြိုးစန္ဒာစိုး က ပြောပါတယ်။
" တစ်ရက်မှာ ၈ နာရီနဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးဖို့ကို ကျမတို့သဘော ထားကြပါတယ်၊ ၈ နာရီမှာ ကျမတို့ ၁ နာရီနှုန်းကိုလိုချင်ရင် ၈ နဲ့စား ပြီးတော့ ၁ နာရီနှုန်း ထားကို တွက်ချက်မှာပါ၊ အနည်းဆုံး အခကြေးငွေရဲ့အဓိပ္ပါယ်မှာ ထောက်ပံကြေးငွေ လုံးဝမပါဘူး၊ ဆုကြေးငွေ လုံးဝမပါဘူး၊ အချိန် ပိုကြေးလုံးဝမပါဝင်ပါဘူး၊ ရှားပါးစရိတ်အဲ့ ခေါင်းစဉ်တွေ လုံးဝမပါဝင်ပါဘူး၊ အနည်းဆုံးအခကြေးငွေသည် ၁ ရက်မှာရှိတဲ့ အလုပ်ချိန် ၈ နာရီရဲ့ လုပ်အားခ အပေါ်မှာ သတ်မှတ်ဖို့အတွက်ဆိုတာကို ကျမတို့သဘောထား ကြပါတယ်"
ဒီလ ၁၆ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက်ကြာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ တာဖြစ်ပါတယ်။
အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ နဲ့ အနည်းဆုံးအခကြေးငွေသတ် မှတ်ရေး အမျိုးသားကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲက ရရှိလာတဲ့ သဘောတူညီချက်တွေကို အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီး ဌာနထံ တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။