ကျောင်းသားတွေ လွတ်မြောက်ရေး မြို့ ၈ မြို့မှာ ဆုတောင်းပွဲတွေ ကျင်းပမည်


2015.04.15
students-letpadan-305.jpg သပိတ်မှောက်ကျောင်းသူ ဗကသအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ မအိသဉ္ဇာမောင် တို့ကို ဧပြီလ ၇ ရက်နေ့က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Kyaw Zaw Win/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီ သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် လာမယ့် ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ ၈ မြို့မှာ ဆုတောင်းပွဲတွေ ကျင်းပမှာဖြစ် ပါတယ်။

မြို့ခံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ဆုတောင်းပွဲတွေ ကျင်းပမှာဖြစ်တယ် လို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ပူးပေါင်းကော်မတီအဖွဲ့ဝင် မသိန္နီဦး က ပြောပါတယ်။

"ဒေသခံမြို့တွေမှာရှိတဲ့ အဖွဲ့အစည်းတွေရယ်၊ ပရဟိတအဖွဲ့တွေရယ်၊ နောက်လူငယ် အဖွဲ့တွေ ရယ်ပေါင်းလုပ်ကြမှာပါ၊ ဒေသတွင်းမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေ ပါနိုင်သမျှ ပါအောင်တော့ လုပ်ဆောင်သွားမှာပါ"

လာမယ့် နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပြင်ဦးလွင်၊ ထားဝယ်၊ နတ်တလင်း၊ သံတောင်နဲ့ တောင်ကြီး မြို့တို့မှာ ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေး ဆုတောင်းပွဲတွေနဲ့ စတုဒီသာကျွေးမွေးပွဲတွေကို ပြုလုပ် မှာဖြစ်ပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူတွေနဲ့ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် သာယာဝတီ အကျဉ်းထောင်နဲ့ မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူ ၈၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။