မြန်မာဝန်ကြီးများ အမေရိကန်ကို အလည်အပတ် ခရီးရောက်ရှိ


2016.04.10

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပညာရေးနဲ့ယဉ်ကျေးမူဌာနရဲ့ဖိတ်ကြားချက် အရ မြန်မာနိုင်ငံက ပြည်ထောင်စုဝန်ကြီး နှစ်ဦး နဲ့ ပြည်နယ်တိုင်း ဝန်ကြီးချုပ် နှစ်ဦးတို့ ဧပြီလ ၉ ရက်နဲ့ ၁ဝ ရက်နေ့တွေက ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိလာပါတယ်။

ပြည်ထောင်စုဝန်ကြီးများဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးဟာ စနေနေ့က ဝါရှင်တန်ကို ရောက်ရှိပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးအုန်းဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် တို့ဟာ သောကြာနေ့ မနက်ပိုင်းက ဝါရှင်တန်ဒီစီကို ရောက်ရှိခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံက အစိုးရအဖွဲ့ဝင် ၁၂ ဦးကိုဖိတ်ကြားခဲ့ပေမယ့် ၄ ဦးသာ လာရောက်နိုင်ပြီး သူတို့ဟာ ဧပြီလ ၁၆ ရက်နေ့ အထိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်မှာဖြစ်ပြီး သူတို့ဟာ အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်မှု လေ့လာရေးအစီအစဉ်အရ အမေရိကန် အစိုးရ ပိုင်းခေါင်းဆောင်တွေ ပညာရှင်တွေကို တွေ့ဆုံမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။