သြင်္ကန်ပိတ်ရက် လုပ်ခဖြတ်လို့ အလုပ်သမားတွေ ဆန္ဒပြ


2015.05.03

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က Power Fashion အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ သြင်္ကန်ကာလ ၁ဝ ရက် အလုပ်ပိတ်ရက်အတွက် အလုပ်သမားတွေရဲ့ လစာငွေထဲက ကျပ် တစ်သောင်းခွဲစီ ဖြတ်တောက်မယ်ဆို တာကြောင့် အလုပ်သမား ၆ဝဝ ကျော်က စက်ရုံဝင်းထဲမှာ ဆန္ဒပြခဲ့ကြပါတယ်။

သြင်္ကန်ပိတ်ရက်အတွက် လစာထဲက ဖြတ်တောက်မယ့်အကြောင်း အလုပ်ရှင်က အလုပ်သမားခေါင်းဆောင်တွေ ကို ခေါ်ယူအသိပေးခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ စက်ချုပ်အလုပ်သမား မဇင်သွယ်သွယ်စိုးက ပြောပါတယ်။

"ပုံမှန်ရနေတဲ့လစာထဲကနေပြီးတော့ သူတို့ကအခု ဖြတ်တောက်ဖို့ပြောတယ်လေ၊ ရက်မှန်တဲ့လူဆိုလို့ရှိရင် ဒီသြင်္ကန်ပိတ်ရက်အတွက် တစ်သောင်းခွဲပေါ့နော်၊ ရက်ပျက်သွားတဲ့လူဆိုလို့ရှိရင် သုံးသောင်းခွဲဖြတ်မယ် အဲ့လိုမျိုး၊ လစာ ၅ ရက်နေ့မှထုတ်မှာ စူပါတွေကို အစည်းအဝေးခေါ်ပြီးတော့ ကြိုပြီးတော့ပြောထားတာ၊ စူပါတွေကို တရားဝင်ပြောလိုက်တော့ ကလေးတွေကိုပြောပြီ၊ မနက်ပိုင်းကတော့ အလုပ်လုပ်တယ်၊ ထမင်းစားချိန်ကျတော့ အဲ့လူတွေက ထမင်းစားဆောင်မှာပဲနေကြတယ်"

တရုတ်နိုင်ငံသားပိုင် Power Fashion အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့ အထိ ၁ဝ ရက်ကြာ စက်ရုံပိတ်ခဲ့ပါတယ်။

အဲ့ဒီစက်ရုံမှာ အလုပ်သမား ၁ဝဝ ကျော်ရှိပြီး အလုပ်သမားတစ်ဦးဟာ တစ်လ လုပ်ခလစာကျပ် တစ်သိန်း တစ်သောင်းကနေ တစ်သိန်းလေးသောင်း အထိရရှိကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။