ကချင်ပြည်နယ် တိုက်ပွဲတွေကြား ပိတ်မိနေသူတွေထဲ တရုတ်နိုင်ငံသား ရာဂဏန်းပါဝင်

အစိုးရစစ်သားများကို လက်နက်ကြီး အမြှောက်နဲ့ အတူ တွေ့ရစဉ်
အစိုးရစစ်သားများကို လက်နက်ကြီး အမြှောက်နဲ့ အတူ တွေ့ရစဉ် (Photo: From Jade Land Kachin)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု အောင်ဘာလေ ကျေးရွာအနီး တိုက်ပွဲကြားမှာ ပိတ်မိနေ တဲ့ လူနှစ်ထောင်ဝန်းကျင်မှာ တရုတ်နိုင်ငံ သားတွေ ရာဂဏန်း ပါဝင်နေတယ်လို့ တရုတ်ပြည်မှာ အင်္ဂလိပ် ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်း စာက ဖော်ပြပါတယ်။ အရေအတွက် အတိအကျ ကိုတော့ ဖော်ပြမထားပါဘူး။

အဲ့ဒီဒေသမှာ ရောက်ရှိနေကြတဲ့ တရုတ်နိုင်ငံသားတွေ ဟာ စီးပွားရေးလုပ်ငန်း သွားရောက်လုပ်ကိုင်နေသူတွေ နဲ့ တရုတ်ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံတည်ဆောက်နေ တဲ့ စီမံကိန်းတွေမှာ လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေကို ဘေးမသီရန်မခ ပြန်ပို့ပေးဖို့ KIA က အာမခံထားတယ်လို့လည်း Global Times သတင်းစာက ဖော်ပြပါတယ်။