၆ ပွင့်ဆိုင် ဆွေးနွေးရေး နိုင်ငံတော် သမ္မတ ကြိုဆို


2015.01.19
utheinsein-305.jpg သမ္မတ ဦးသိန်းစိန်ပုံ
photo: President Office Website

၆ ပွင့်ဆိုင် တေ့ွဆုံဆွေးနွေးရေးဟာ "စုပေါင်းညှိနှိုင်းဖြေ ရှင်းသည့် သဘောတရား" ကို အခြေခံထားတာကြောင့် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စု လွှတ်တော်ထံ သဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။

အဲဒီ့စာကို ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အခုလိုဖတ်ပြခဲ့ပါတယ်။

"နိုင်ငံတော်သမ္မတရုံးရဲ့ ၁၇ ရက် ၁ လ ၂ဝ၁၅ ရက်စွဲပါ စာအမှတ် ၁ဝ၇ (၂)/၈/ သမ္မတရုံး၊ ပဲခူးတိုင်းဒေသကြီး အမှတ် ၁ဝ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်း တင်သွင်း သည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည့် အရေးကြီးအဆို ပေးပို့လာခြင်းကိစ္စ လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားပြီးဖြစ်တဲ့ အဆိုပါသဝဏ်လွှာ များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ ခ အရ လွှတ်တော်က မှတ်တမ်း တင်ကြောင်း ကြေညာပါတယ်"

ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဌ ၂ ဦး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးပါဝင်တဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာထဲမှာ ၆ ပွင့်ဆိုင်ထက် ပိုကျယ်ပြန့်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ အတော်များများပါဝင်နိုင်မယ့် ဆွေးနွေးပွဲမျိုး ဖြစ်ဖို့အတွက် တိုက်တွန်းထားပါတယ်။

သဝဏ်လွှာပါ သမ္မတရဲ့ တုံ့ပြန်ချက်တွေအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်တွေကို ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။