သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-06
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး အကျဉ်းစခန်း မှာ မြန်မာနိုင်ငံသားရှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက် ပြီး ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးပြီး အင်ဒိုနီးရှားရဲ့ တည်ဆဲဥပဒေနဲ့အညီ အရေးယူပေးဖို့ မြန်မာ အစိုးရက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။
2013-04-06
နှစ်ပေါင်းများစွာနိမ့်ကျခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြန်လည်ကောင်းမွန်လာဖို့အတွက် ပြည် တွင်း၊ ပြည်ပအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်သွား မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြား လိုက်ပါတယ်။
2013-04-06
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် တိုင်းရင်းသားမီဒီယာ ညီလာခံတစ်ခုကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လာမယ့်ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ညီလာခံဖြစ်မြောက်ရေး ကော်မတီက RFA ကို ဒီနေ့မှာ ပြောပါတယ်။
2013-04-05
မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် အင်နဲ့အားနဲ့ ကြိုးပမ်းချက်တွေဟာ ပြည်တွင်းဖြစ်ပွားနေတဲ့ ဘာသာရေး အရ အကြမ်းဖက်မှုတွေကြောင့် သေးသိမ်သွားမှာကို စိုးရိမ် မိတယ်လို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ က သောကြာနေ့မှာ ပြောဆိုပါတယ်။
2013-04-05
မြန်မာနိုင်ငံမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ရိုဟင်ဂျာအပါအဝင် လူမျိုးစုငယ်တွေအပေါ် ခွဲခြားဆက်ဆံ မှုမရှိအောင် အကာအကွယ်ပေးဖို့ EU ဥရောပပါလီမန် က မြန်မာအစိုးရကို မနေ့ကတိုက်တွန်းလိုက်ပါတယ်။
2013-04-05
တရုတ်သမ္မတ ရှီကျင်းပင်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးမြှင့်တင်ဖို့ သဘောတူခဲ့ကြ တယ်လို့ သတင်းရရှိပါတယ်။
2013-04-05
ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို ပို့ဆောင်မယ့် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းရဲ့ အန္တရာယ်ရှိ မှုတွေအကြောင်း ရှမ်းလူထုအခြေပြုအဖွဲ့အစည်းက တင်ပြထားတဲ့ “ရွှေဓါတ်ငွေ့ပိုက်လိုင်းကို ရှမ်းတောင်သူ လယ်သမားများက ဆန့်ကျင်သည်” ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
2013-04-05
လျှပ်စစ်ဓါတ်အားထုတ်လုပ်နေတဲ့ ရတနာသဘာဝဓါတ်ငွေ့ ကမ်းလွန်ပိုက်လိုင်းကို အခုရက်ပိုင်း အတွင်း ပြုပြင်နေတဲ့အတွက် ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ဒီကနေ့ကစပြီး လာမယ့်ဧပြီလ ၁၃ရက်နေ့အထိ ၉ ရက်ကြာ လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။
2013-04-05
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖေါက်လုပ်နေတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း လမ်းကြောင်း မှာရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတောင်သူ လယ်သမားတွေရဲ့ နစ်နာချက်တွေအတွက် တောင်သူတွေ ကိုယ်စား မြောက်ပိုင်းရှမ်းလယ်သမားကော်မတီက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဆီ တောင်းဆိုချက် ၆ ချက်ပါ စာကို ဒီကနေ့ပေးပို့လိုက်တယ်လို့ ကိုယ်စားလှယ်တွေက RFA ကို ပြောပါတယ်။
2013-04-05
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတပ်တွေ ရှိတဲ့ တန့်ယန်းမြို့နယ်အတွင်းက သံလွင်မြစ်တလျှောက်နေရာတွေကို အစိုးရတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တန့်ယန်း မြို့နယ်ဒေသခံ ကျေးရွာပေါင်း ၁၆ ရွာက ရွာသူရွာသား တစ်ထောင်နီးပါး ရွှေ့ပြောင်းနေရတယ်လို့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့က ဒီနေ့ကြေ ညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-04-05
အမေရိကန် သမ္မတဟောင်း Jimmy Carter ရဲ့ ကာတာစင်တာရုံးခွဲကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ရှိပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အကူအညီပေးသွား မှာဖြစ်သလို လာမယ့် ၂၀၁၅ ရွေးကောက် ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေမှာလည်း ကူညီသွားမယ်လို့ သိရပါတယ်။
2013-04-05
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက ဘီလာဝီဆိပ်ကမ်း အကျဉ်းထောင်ထဲမှာ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေကို မူဆလင် ရိုဟင်ဂျာ အုပ်စုက ထောင်တွင်းအုပ်စုဖွဲ့ ရိုက်နှက် တာကြောင့် ၈ ဦး သေဆုံးခဲ့တယ်လို့ အေအက်ဖ်ပီသတင်းမှာ ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ ဖေါ်ပြပါတယ်။
2013-04-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဂျပန်နိုင်ငံကို လာရောက်လည်ပတ် မှာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2013-04-04
ပျောက်ဆုံးနေတယ်လို့ မိသားစုက ကြေညာချက်ထုတ်ပြန် ပြော ကြားထားတဲ့ ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းဦးကို ပုဒ်မ၅၀၅(ခ)နဲ့ ကျောက်တံ တားမြို့နယ် အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2013-04-04
တရားရုံးမှာ အမှုစစ်ဆေးနေချိန်အတွင်း အာမခံရထားတဲ့ အရွယ်မရောက်သေးသူ မိန်းကလေးကို အိမ်တိုင်ယာရောက် လာရောက် ခြိမ်းခြောက် မေးမြန်းစစ်ဆေးနေတာကို ရပ်တန်းကရပ်ဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ဒီနေ့တိုက်တွန်း လိုက်ပါတယ်။