တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ သဘောတူ


2013.04.05
mmpresident-305.jpg တရုတ်နိုင်ငံကို ဧပြီ ၅ ရက်နေ့က ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်
photo: President Office Website

တရုတ်သမ္မတ ရှီကျင်းပင်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးမြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းက Sanya မြို့ မှာမနေ့က ကျင်းပခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့ အထူးသဘောတူခဲ့ကြသလို၊ နိုင်ငံတကာ မှာရော ဒေသတွင်းမှာပါ နှစ်နိုင်ငံဘုံအကျိုးတူ ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုတွေရခဲ့ကြတယ်လို့ ဆွေးနွေးပွဲ အပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို လိုက်ပါတယ်။ ဆွေးနွေးပွဲအတွင်း သမ္မတဦးသိန်းစိန်က တရုတ်သမ္မတကို မြန်မာနိုင်ငံ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့သလို၊ တရုတ်သမ္မတကလဲ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ အချိန်မှာလာလည်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြန်လည်ပြောဆိုတယ်လို့သိရပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဘရာဇီးသမ္မတဟောင်း လူဝီးဇ် အင်နာဆီယို လူလားဒါး ဆီလ်ဗာတို့ကို လာမယ့်ဧပြီလ ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ဂုဏ်ပြုဆုပေးညစာစားပွဲ ကျင်းပမယ်လို့ ICG အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ကြေညာထားပါတယ်။

ဒီပွဲကို ICG အဖွဲ့က နှစ်စဉ်ကျင်းပနေတာဖြစ်ပြီး၊ ဒီနှစ်ကျင်းပမယ့် နယူးယောက်မြို့ကပွဲကို အမေရိကန် သူဌေးကြီး ဂျော့ချ်ဆိုရော့စ်နဲ့ ဂျော်ဒန်နိုင်ငံ ဘုရင်မတို့က ဂုဏ်ထူးဆောင်ဥက္ကဌတွေအနေနဲ့ တက်ရောက်မှာဖြစ်ပါတယ်။

ညစာစားပွဲလက်မှတ်ကို အမေရိကန်ဒေါ်လာ ၁ ထောင်ကနေ ၁ သိန်းထိ သတ်မှတ်ထားတယ်လို့လည်း ICG အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။