ပြည်တွင်းရွှေဈေး ကျပ်နှစ်သိန်းခန့် မြင့်တက်လာ

RFA Burmese
2025.03.20
ပြည်တွင်းရွှေဈေး ကျပ်နှစ်သိန်းခန့် မြင့်တက်လာ ရန်ကုန်မြို့မှ ရွှေဆိုင်တစ်ဆိုင်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပြည်တွင်းအခေါက် ရွှေဈေးနှုန်းဟာ အခုမတ်လအတွင်းမှာပဲ တစ်ကျပ်သားကို ငွေကျပ် နှစ်သိန်းအထိ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက မတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။

မတ်လ ပထမအပတ်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၆ သိန်းရှိပြီး မတ် ၂၀ ရက် ဒီနေ့မှာ ငွေကျပ် ၆၈ သိန်းအထိ ရှိလာတာပါ။

ပြည်တွင်းမှာ ဒေါ်လာဈေး ငြိမ်နေပေမဲ့ ဒီရက်ပိုင်း ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာကြောင့်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီရက်ပိုင်းထဲ ကမ္ဘာ့ရွှေဈေး တက်လာတယ်။ အဲဒါကြောင့် ပြည်တွင်းရွှေဈေး တက်လာတာ။ အခုတစ်ခါ ရွှေဈေးတက်တာက ဒေါ်လာဈေး အတက်အကျနဲ့ မဆိုင်ဘူး။ ကမ္ဘာ့ရွှေဈေးကျရင်တော့ ပြည်တွင်းမှာ ရွှေဈေး ပြန်ကျမှာပေါ့”

ကမ္ဘာ့ရွှေဈေးဟာ မတ် ၁ ရက်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၈၅၇ သာ ရှိပေမဲ့ မတ် ၂၀ ရက် ဒီနေ့မှာ အမေရိကန်ဒေါ်လာ ၃၀၄၃ အထိ ရှိနေတာပါ။

ဒီရက်ပိုင်းထဲမှာတော့ ကမ္ဘာ့ရွှေဈေးရော၊ ပြည်တွင်းရွှေဈေးပါ အနည်းငယ် ပြန်ကျလာနိုင်တယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ခန့်မှန်းပါတယ်။

၂၀၂၄ ခုနှစ်၊ သြဂုတ်က အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ခြောက်ထောင်ကျော်အထိ မြင့်တက်ခဲ့သလို အခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း ခုနစ်ဆယ်ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။