ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကို သွားရောက်မည်


2013.04.05

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်မှာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပါအဝင် ဂျပန်နိုင်ငံရေးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမယ့်အပြင်၊ ဂျပန်ရောက် မြန်မာမိသားစုတွေလည်း တွေ့ဆုံဖွယ်ရှိကြောင်း၊ ဂျပန်တက္ကသိုလ်တွေမှာ မိန့်ခွန်းပြောကြားပြီး၊ ကျိုတိုမြို့ကို သွားရောက်လည်ပတ်မယ်လို့ မျှော်လင့်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ်ကနေ ၁၉၈၆ခုနှစ်အထိ ကျိုတိုတက္ကသိုလ်မှာ သုတေသနပြုခဲ့ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

၂ဝ၁၁ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာခဲ့တဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အားပေးကူညီတဲ့အနေနဲ့ ဂျပန်နိုင်ငံဟာ မြန်မာကတင်ရှိနေတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ ၄ ဘီလျံ နီးပါးကို လျော်ပစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။