အကြမ်းဖက်မှုတွေကြောင့် ဒီမိုကရေစီပြောင်းလဲရေးကို ထိခိုက်မှာ စိုးရိမ်ကြောင်း ဂျင်မီကာတာပြော


2013.04.05

မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် အင်နဲ့အားနဲ့ ကြိုးပမ်းချက်တွေဟာ ပြည်တွင်းဖြစ်ပွားနေတဲ့ ဘာသာရေးအရ အကြမ်းဖက်မှုတွေကြောင့် သေးသိမ်သွားမှာကို စိုးရိမ်မိတယ်လို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက သောကြာနေ့က ပြောဆိုပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ မစ္စတာကာတာက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံပြန်လည်တည်ထောင်ရေး ကြိုးပမ်းးချက်တွေ သဲထဲရေသွန်ဖြစ်မှာကို စိုးရိမ်တယ်လို့ဆိုပါတယ်။ တဆက်တည်း တိုင်းပြည်တွင်းနေထိုင်သူ ဘယ်သူ့ကိုမှ အစိုးရက နှိမ်ချရှုမြင်တာမျိုး မပြုလုပ်နိုင်ပါလို့ ပြောဆိုလိုက်သလို၊ ထင်ရှားသူတချို့နဲ့ ဘာသာရေးခေါင်းဆောင် တချို့ကိုယ်တိုင်က  အမုန်းပွားစေတဲ့ ပြောဆိုတာမျိုးတွေ လုပ်နေတာအတွက်လည်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။

မစ္စတာကာတာက မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမူ လုပ်ငန်းစဉ်တွေ အောင်မြင်မူရဖို့အတွက် အားလုံးဟာ တကယ့်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မူတွေဟာ ဘာလည်းဆိုတာ ဖြောင့်ဖြောင့်မှန်မှန်ဖွင့်ချဖို့ လိုပါတယ်လို့ ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။