မြန်မာအပါအဝင် ၄၁ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ဖို့ အမေရိကန်သုံးသပ်စဉ်းစား

RFA Burmese
2025.03.15
မြန်မာအပါအဝင် ၄၁ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ဖို့ အမေရိကန်သုံးသပ်စဉ်းစား ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က မြင်တွေ့ရသည့် အမေရိကန်ပြည်ထောင်စု လွှတ်တော်အဆောက်အဦ (Capitol Hill) မြင်ကွင်း။
Reuters

အမေရိကန်ပြည်ထောင်စုကို ၄၁ နိုင်ငံက နိုင်ငံသားတွေ ပြည်ဝင်ခွင့်ပိတ်ပင်ဖို့ သုံးသပ်စဉ်းစားနေတဲ့ နိုင်ငံတွေစာရင်းကို ရိုက်တာက မတ် ၁၅ ရက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံအပါအဝင် ငါးနိုင်ငံကို ခြွင်းချက်တစ်ချို့နဲ့ ပြည်ဝင်ခွင့်လက်ခံပေမဲ့ အလည်အပတ်၊ ကျောင်းသားနဲ့ တခြားအခြေစိုက်ပြောင်းရွှေ့မယ့်ပြည်ဝင်ခွင့်ဗီဇာတွေ ဆိုင်းငံ့ဖို့ရှိတယ်လို့ ဆိုပါတယ်။

Eritrea ဟေတီ၊ လာအို၊ မြန်မာနဲ့ တောင်ဆူဒန်နိုင်ငံတွေကို ဒုတိယအုပ်စုမှာ ထည့်သွင်းလိုက်တာဖြစ်ပြီး ပထမအုပ်စု ဆယ်နိုင်ငံမှာ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘား၊ မြောက်ကိုရီးယားစတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။ ဒီနိုင်ငံတွေကတော့ ဗီဇာလုံးဝမရနိုင်ပါဘူး။

တတိယအုပ်စုမှာ ဘီလာရုစ်၊ ပါကစ္စတန်အပါအဝင် ၂၆ နိုင်ငံအစိုးရတွေက ရက် ၆၀ အတွင်း လိုအပ်လစ်ဟာချက်တွေကို ဖြေရှင်းဖို့မကြိုးပမ်းရင် တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့ဖို့ရှိပါတယ်။

ပြည်ဝင်ခွင့်ပိတ်ပင်ဖို့ သုံးသပ်စဉ်းစားတဲ့ နိုင်ငံတွေစာရင်းကို New York Times က ပထမဆုံးဖော်ပြတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။